Connect with us

Europe

ဂျာမနီတွင် ရထားတိုက်မှုကြောင့် လူ ၄၇ဦး ဒဏ်ရာရရှိ

ဂျာမနီတွင် ကုန်တင်ရထားအား ခရီးသည်တင်ရထားက နောက်မှတိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖရန့်ခ်ဖာ့တ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဒက်ဆယ်ဒေါ့ဖ်မြို့နှင့် ကပ်လျက် မြို့တစ်မြို့၌ ဒီဇင်ဘာ ၅ရက်တွင် ရထားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၄၇ဦး ဒဏ်ရာရရှိပြီး ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်တွင်းမီးသတ်ဋ္ဌာနက ပြောကြားခဲ့သည်။

ဒက်ဆယ်ဒေါ့ဖ်မြို့ အနောက်မြောက်ဘက် ၁၀ကီလိုမီတာခန့်အကွာတွင် တည်ရှိသော ဂျာမနီအနောက်ပိုင်းမြို့ Meerbusch မြို့၌ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းတွင် ဒေသတွင်း ခရီးသည်ရထားတစ်စီး နှင့် ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Meerbusch မြို့ရှိ မီးသတ်ဋ္ဌာန က ကယ်ဆယ်ရေးဝန်ထမ်းများသည် ရထားပေါ်၌ လူ ၁၅၅ဦးကို တွေ့ရှိခဲ့ကြောင်း၊ လူ ၄၇ဦးမှာ ဒဏ်ရာရရှိထားကြောင်း၊ ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာအခြေအနေ အနည်းငယ်ပြင်းထန်ပြီး ကျန်၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် ၎င်းတို့အား ဆေးကုသပေးထားကြောင်း ပြောကြားခဲ့သည်။

Meerbusch-Osterath ရထားဘူတာရုံ အနီး၌ ခရီးသည်တင်ရထားက ၎င်း၏ရထားလမ်းပေါ်တွင် ရပ်ထားသော ကုန်တင်ရထားအား အနောက်မှ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ခရီးသည်တင်ရထား RE7 သည် Rheine မြို့မှ Krefeld မြို့သို့ သွားရောက်သည့် လမ်းကြောင်းပေါ်တွင် ခုတ်မောင်းနေခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ကုန်တင်ရထားသည် အလားတူလမ်းကြောင်းပေါ်တွင် ရပ်တန့်ထားသည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.