Connect with us

Europe

ရုရှား နိုင်ငံ သမ္မတ ပူတင် က ၂၀၁၈ ခုနှစ် ရုရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ရုရှား နိုင်ငံ သမ္မတ ပူတင် အားမြင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ၎င်းအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လပိုင်းတွင် ကျင်းပ ပြုလုပ်မည့် ရုရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံ နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ သမ္မတ ပူတင် သည် နိုင်ငံ အနောက်ပိုင်း ရှိ ကား ထုတ်လုပ်ရေး စက်ရုံ သို့ သွားရောက် လည်ပတ်စဉ် အတွင်း မိမိ အနေဖြင့် လာမည့် ရုရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲသစ် ကို ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး အားလုံး၏ ထောက်ခံအားပေးမှု ကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။

လတ်တလော လပိုင်းတွင် ရုရှား နိုင်ငံ သမ္မတ ပူတင် ပွဲအခမ်းအနား တက်ရောက်တိုင်းတွင် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမပြု ဟူသည့် မေးခွန်းအား အကြိမ်ကြိမ် မေးမြန်ခြင်း ခံခဲ့ရသော်လည်း ပူတင် က မိမိ အနေဖြင့် ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်းသာ ပြောကြား လေ့ရှိသည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် သည် လက်ရှိချိန်တွင် အသက် ၆၄ နှစ်ရှိပြီး ၂၀၀၀ ခုနှစ်တွင် ရုရှား နိုင်ငံ သမ္မတ တာဝန် စတင် ထမ်းဆောင်ခဲ့ကာ ၂၀၀၄ ခုနှစ် ထပ်မံ ရွေးချယ်ခြင်း ခံခဲ့ရသည်။ ရုရှား နိုင်ငံ အခြေခံ ဥပဒေ သတ်မှတ်ချက်အရ မည်သူမှ သမ္မတ ရာထူးအား ဆက်တိုက်အားဖြင့် နှစ်ကြိမ် ထက်ပို၍ တာဝန်ထမ်းဆောင်ခြင်း မပြုရ ဟူသည့် ကန့်သတ်ချက်ကြောင့် ပူတင် သည် ၂၀၀၈ ခုနှစ်တွင် သမ္မတ ရွေးကောက်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘဲ ဝန်ကြီးချုပ် ရာထူးသာ တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့နောက် ပူတင် အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ရုရှား နိုင်ငံ သမ္မတ အဖြစ် ပြန်လည် ရွေးချယ်ခြင်း ခံခဲ့ရပြီး ယင်းရွေးကောက် ခံရခြင်းသည်လည်း ပူတင် အနေဖြင့် တတိယ အကြိမ်မြောက် ရုရှား နိုင်ငံ သမ္မတ အဖြစ် ရွေးကောက်ခံရခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117