Connect with us

Europe

ဂျာမနီတွင် ရထားတိုက်မှုကြောင့် လူ ၄၇ဦး ဒဏ်ရာရရှိ

ဂျာမနီတွင် ကုန်တင်ရထားအား ခရီးသည်တင်ရထားက နောက်မှတိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖရန့်ခ်ဖာ့တ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဒက်ဆယ်ဒေါ့ဖ်မြို့နှင့် ကပ်လျက် မြို့တစ်မြို့၌ ဒီဇင်ဘာ ၅ရက်တွင် ရထားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၄၇ဦး ဒဏ်ရာရရှိပြီး ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်တွင်းမီးသတ်ဋ္ဌာနက ပြောကြားခဲ့သည်။

ဒက်ဆယ်ဒေါ့ဖ်မြို့ အနောက်မြောက်ဘက် ၁၀ကီလိုမီတာခန့်အကွာတွင် တည်ရှိသော ဂျာမနီအနောက်ပိုင်းမြို့ Meerbusch မြို့၌ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းတွင် ဒေသတွင်း ခရီးသည်ရထားတစ်စီး နှင့် ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Meerbusch မြို့ရှိ မီးသတ်ဋ္ဌာန က ကယ်ဆယ်ရေးဝန်ထမ်းများသည် ရထားပေါ်၌ လူ ၁၅၅ဦးကို တွေ့ရှိခဲ့ကြောင်း၊ လူ ၄၇ဦးမှာ ဒဏ်ရာရရှိထားကြောင်း၊ ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာအခြေအနေ အနည်းငယ်ပြင်းထန်ပြီး ကျန်၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် ၎င်းတို့အား ဆေးကုသပေးထားကြောင်း ပြောကြားခဲ့သည်။

Meerbusch-Osterath ရထားဘူတာရုံ အနီး၌ ခရီးသည်တင်ရထားက ၎င်း၏ရထားလမ်းပေါ်တွင် ရပ်ထားသော ကုန်တင်ရထားအား အနောက်မှ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ခရီးသည်တင်ရထား RE7 သည် Rheine မြို့မှ Krefeld မြို့သို့ သွားရောက်သည့် လမ်းကြောင်းပေါ်တွင် ခုတ်မောင်းနေခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ကုန်တင်ရထားသည် အလားတူလမ်းကြောင်းပေါ်တွင် ရပ်တန့်ထားသည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)