Connect with us

Europe

ဂျာမနီသမ္မတအဖြစ် ဖရန့်ခ် ဝေါ်လ်တာ စတိန်းမီးယား ရွေးကောက်ခံရ

ဂျာမနီနိုင်ငံ၏ သမ္မတသစ် ဖရန့်ခ်ဝေါ်လ်တာစတိန်းမီးယား အားတွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ သမ္မတရွေးကောက်ပွဲအဖွဲ့ က နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖရန့်ခ်ဝေါ်လ်တာစတိန်းမီးယား အား ဂျာမနီသမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်က ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

စတိန်းမီးယား သည် တစ်သီးပုဂ္ဂလများ နှင့် အခြားပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်သူများကို ကျော်လွန်၍ ဆန္ဒမဲ ၁၂၃၉မဲ တွင် ၉၃၁မဲ ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

စတိန်းမီးယား အား ဂျာမနီနိုင်ငံ တွင် သြဇာရှိသော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကဲ့သို့သော ပါတီကြီးများက ကျောထောက်နောက်ခံ ပြုလုပ်ပေးခဲ့ကတည်းက ၎င်းအား ထင်ရှားလာမည့် အနိုင်ရရှိသူအဖြစ် ဂျာမနီပြည်တွင်း သတင်းဋ္ဌာနများက ကြိုတင်ခန့်မှန်းခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၁ရက်နေ့ ညနေပိုင်းကလည်း အန်ဂျလာမာကယ် နှင့် Horst Lorenz Seehofer တို့သည် ဗဟိုလက်ဝဲယိမ်း နှင့် ဗဟိုလက်ယာယိမ်း နိုင်ငံရေး သမဂ္ဂများကို ကိုယ်စားပြု၍ စတိန်းမီးယား အား ထောက်ခံကြရန် တိုက်တွန်းခဲ့ကြပြီး ၎င်းသည် ဂျာမနီကို ကိုယ်စားပြုနိုင်မည့် အသင့်လျော်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

စတိန်းမီးယား သည် ဂျာမနီနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးသမားများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၅ခုနှစ် မှ ၂၀၀၉အထိ တစ်ကြိမ်၊ ၂၀၁၃ခုနှစ် မှ ၂၀၁၆ခုနှစ်အထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ကာ ယူကရိန်းအရေးကိစ္စတွင် ၎င်း၏ အားထုတ်ကြိုးစားမှုများ နှင့် ပတ်သက်၍ လူသိများထင်ရှားလာကြောင်း သိရသည်။ ထို့အပြင် ၎င်းသည် ၂၀၀၇ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

စတိန်းမီးယား သည် မတ်လ ၁၈ ရက်တွင် သမ္မတတာဝန်များ တရားဝင်လွှဲပြောင်းယူမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီသမ္မတဟောင်း Gauck က ၎င်းအနေဖြင့် အသက်အရွယ်ကြီးရင့်လာမှုကြောင့် နောက်ထပ် သက်တမ်း ၅နှစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ၂၀၁၆ခုနှစ်တွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ၏ သမ္မတရာထူးသည် တကယ်လုပ်ပိုင်ခွင့်အာဏာရှိသည်ထက် ဟန်ပြအနေအထားတွင် ရှိသော်လည်း ဆန္ဒမဲများသည် မာကယ်၏ နိုင်ငံရေးညွှန့်ပေါင်းအဖွဲ့၏ စည်းလုံးမှုကို စမ်းသပ်သည့် အရာတစ်ခုအဖြစ် ယုံကြည်ရပြီး စက်တင်ဘာလတွင် ကျင်းပမည့် ဖယ်ဒရယ်ရွေးကောက်ပွဲတွင် လေးကြိမ်မြောက် ထပ်မံအရွေးခံရရန် မာကယ်၏ကြိုတင်ပြင်ဆင်မှု အစပျိုးနိဒါန်းတစ်ခု လည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.