Connect with us

Europe

ဂရိ နိုင်ငံ တွင် ဒုတိယ ကမ္ဘာစစ် အတွင်း မှ ကျန်ရှိခဲ့သည့် ဗုံးကြီး အား အောင်မြင်စွာ ဖယ်ရှားရှင်းလင် နိုင်ခဲ့

ဂရိ နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ Thessaloniki မြို့တွင် တွေ့ရှိခဲ့သည့် ဗုံးအား ရှင်းလင်းရန် ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

Thessaloniki ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဂရိ နိုင်ငံ ဗုံးရှင်းလင်းရေး ပညာရှင် က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဂရိ နိုင်ငံ တောင်ပိုင်း Thessaloniki မြို့တွင် ဒုတိယ ကမ္ဘာစစ် အတွင်း က ကျရောက်ကာ မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် အလေးချိန် ၂၅၀ ကီလိုဂရမ် ရှိသော ဗုံးကြီးကို အောင်မြင်စွာ ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ယင်းဗုံးကို ဂရိ နိုင်ငံ ၏ ဒုတိယ မြို့တော်ဖြစ်သည့် Thessaloniki မြို့၏ လောင်စာဆီ အရောင်းဆိုင် တစ်ဆိုင်၌ မြေအောက်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဂရိ နိုင်ငံ အစိုးရ မှ ယင်းဗုံး၏ ပေါက်ကွဲမှု စနစ်ကို ဖယ်ရှားရန် ဆုံးဖြတ် ခဲ့သည်။သတင်းဖော်ပြချက်များအရ ဤဗုံးသည် ၁၉၄၃ ခုနှစ် ဒီဇင်ဘာလက ဗြိတိန် နိုင်ငံ မှ နာဇီဂျာမဏီ ကို လေကြောင်း တိုက်ခိုက်ရေး ဆောင်ရွက်ရာတွင် ကျန်ရှိခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

ဂရိ နိုင်ငံ စစ်ဘက် ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ယခု တွေ့ရှိခဲ့သည့် ဗုံးသည် အမေရိကန် နိုင်ငံ မှ ပြုလုပ်ခဲ့သော ဗုံးဖြစ်ပြီး ပေါက်ကွဲ စေသည့် စနစ်သည်လည်း ကောင်းမွန်နေဆဲဖြစ်ကြောင်း ၊ ဂရိ နိုင်ငံ ၏ အတွေ့အကြုံရှိသော ဗုံးရှင်းလင်းရေး ပညာရှင်မှ အောင်မြင်စွာ ဗုံးပေါက်ကွဲစေသည့် စနစ်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ယင်း ဗုံးကို စစ်ဘက်ဆိုင်ရာ မှ ကားတစ်စင်းဖြင့် မြို့ပြင်ပရှိ စစ်စခန်းသို့ပို့ဆောင်ခဲ့ပြီး ဖောက်ခွဲခဲ့ပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ပြောကြား ခဲ့သည်။

ဂရိ နိုင်ငံ အစိုးရ မှ ပြည်သူလူထု လုံခြုံရေး အာမခံချက် ရှိရန် အတွက် လောင်စာဆီ အရောင်းဆိုင် ပတ်ဝန်းကျင် ၂ ကီလိုမီတာ အတွင်းရှိ လူပေါင်း ၇၂,၀၀၀ ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ မတိုင်မီ ဘေးလွတ်ရာသို့ သွားရောက်ရန် စီစဉ်ခဲ့ပြီး ရဲဝန်ထမ်း ၁၀၀၀ ကျော် မှ ထိုဒေသ အတွင်း ပြည်သူများ မကျန်ရှိ စေရန် ဆောင်ရွက်ခဲ့ကြသည်။ ဗုံးပေါက်ကွဲရေး စနစ်ကို ဖယ်ရှားပြီး ညနေ ၄ နာရီ ပတ်ဝန်းကျင်တွင် ပြည်သူလူထု တို့အား ပြန်လည် ဝင်ရောက်စေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.