Europe
ဂျာမနီ နိုင်ငံ တွင် မုန်တိုင်း တိုက်ခတ်မှု ခံခဲ့ရသဖြင့် နိုင်ငံတစ်ဝန်း ရှိ ရထား ပို့ဆောင်ရေးများ အားလုံး ရပ်ဆိုင်း
ဘာလင် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဂျာမနီ နိုင်ငံ ဒေသ အများအပြား သို့ ဇန်နဝါရီ ၁၈ ရက်နေ့ ၌ မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့ရာ လက်ရှိအချိန် တွင် လူပေါင်း ၃ ဦး သေဆုံး ခဲ့ပြီး ဂျာမနီ နိုင်ငံ ရထား ကုမ္ပဏီ ကလည်း တစ်နိုင်ငံလုံး အနှံ့ ရထား ပို့ဆောင်ရေး ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျာမနီ နိုင်ငံ မိုးလေဝသ ဌာန က မုန်တိုင်း သည် ဇန်နဝါရီ ၁၈ ရက်နေ့၌ ဂျာမနီ နိုင်ငံ အနောက်ပိုင်း ဒေသ မှ စတင် ဝင်ရောက် လာခဲ့ပြီး လေတိုက်နှုန်း အနေဖြင့် တစ်နာရီလျှင် ၁၃၀ ကီလိုမီတာ အထိရှိခဲ့ပြီး အချို့ဒေသများ တွင် တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ အထိ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ပိုင်း အချိန် တွင် မိုးလေဝသ ဌာန က မုန်တိုင်းအား လေပြင်းမုန်တိုင်း အဖြစ် သတ်မှတ် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျာမနီ နိုင်ငံ တွင် တိုက်ခတ် ခဲ့သည့် မုန်တိုင်းကြောင့် ပျက်စီးမှု များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဂျာမနီ နိုင်ငံ တွင် တိုက်ခတ် ခဲ့သည့် မုန်တိုင်းကြောင့် ပျက်စီးမှု များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဂျာမနီ နိုင်ငံ ရထား ကုမ္ပဏီ က လုံခြုံရေး အတွက် တစ်နိုင်ငံလုံးရှိ ရထား ပို့ဆောင်ရေးများ အားလုံးကို ရပ်ဆိုင်း လိုက်ပြီး လမ်းခရီးရှိ ရထား များကိုလည်း နီးစပ်ရာ ဘူဒါ များတွင် ရပ်နား စေခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
ဂျာမနီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ကြီး တစ်ပင် ပြိုလဲခဲ့ရာ ၂ နှစ်ဦး သေဆုံး ခဲ့ပြီး အခြား တစ်ဦး အနေဖြင့် မုန်တိုင်းကြောင့် ယာဉ်မတော်တဆ ဖြစ်ပွား ခဲ့ရာ သေဆုံး ခဲ့ကြောင်း ၊ ဂျာမနီ နိုင်ငံ ရှိ လေဆိပ်များ မှာလည်း လေယာဉ် ပျံသန်းမှု ကို ရပ်နားစေခဲ့ပြီး အချို့ကျောင်းများကိုလည်း ယာယီ ပိတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)