Connect with us

Europe

ဂျာမနီ နိုင်ငံ မှ သူနာပြု တစ်ဦး က အနည်းဆုံး လူပေါင်း ၉၀ ကျော် ကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

လူပေါင်း အနည်းဆုံး ၉၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် သူနာပြု Niels H အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် တွင် လူနာနှစ်ဦး ကို အဆိပ်ထိုး သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခဲ့သည့် အမျိုးသား သူနာပြု Niels H သည် အနည်းဆုံးလူပေါင်း ၉၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ ဂျာမနီ နိုင်ငံ တွင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် အဆိုးရွားဆုံးသော လုပ်ကြံသတ်ဖြတ်မှု တစ်ခု ဖြစ်ကြောင်း ဂျာမနီ နိုင်ငံ ရဲတပ်ဖွဲ့ က သြဂုတ်လ ၂၈ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြမှုအရ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် သည် ၃ နှစ်ကြာ စစ်ဆေးမှုများ အရ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ နှင့် တရားရုံး တို့မှ အတူတကွ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယခုချိန်တွင် အသက် ၄၀ ရှိသော Niels H သည် ဂျာမနီ နိုင်ငံ Lower Saxony ပြည်နယ် ရှိ ဆေးရုံနှစ်ရုံ ၏ အထူးကြပ်မတ်ဆောင်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ၎င်းသည် ၂၀၀၃ ခုနှစ် မှ ၂၀၀၅ ခုနှစ် အတွင်း အထူးကြပ်မတ်ဆောင်ရှိ လူနာများကို ဆေးဝါးအလွန်အကျွံ ထိုးသွင်းခြင်းဖြင့် လူနာများ နှလုံးပျက်ဆီး ကာ သေဆုံးအောင် ဆောင်ရွက်ခဲ့သည်။ Niels H သည် အမှုဆောင်ရွက်ရသည့် ရည်ရွယ်ချက် အနေဖြင့် လူနာများအား အရေးပေါ်အခြေအနေဖြစ်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် မိမိ၏ ကယ်တင်ခြင်း စွမ်းရည် ကို ဖော်ပြလိုသောကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် Niels H ၏ ဆောင်ရွက်မှုများသည် လူသတ်မှု ကဲ့သို့သာ ဖြစ်ပြီး သေဆုံးခဲ့သူပေါင်း ၁၃၀ ဦး ကို စစ်ဆေးခဲ့ရာတွင် အနည်းဆုံး ၉၀ ဦးမှာ ဆေးဝါး အလွန်အကျွံ ထိုးသွင်းခြင်းကြောင့် သေဆုံးခဲ့ရကြောင်း ကို တွေ့ရှိခဲ့ရပြီး အခြားသေဆုံးခဲ့သူ အများအပြား မှာလည်း မီးသြင်္ဂ ိုလ် လိုက်ပြီး ဖြစ်သောကြောင့် စစ်ဆေးနိုင်ခြင်း မရှိတော့ကြောင်း ပါဝင် ခဲ့သည်။

ပြစ်မှုကျူးလွန်သူ Niels H ၏ ဆောင်ရွက်မှု များအား ၂၀၀၅ ခုနှစ်တွင် ၎င်း မှ လူနာတစ်ဦးကို ဆေးဝါး ထိုးသွင်းနေစဉ် လုပ်ဖော်ကိုင်ဘက် အမျိုးသမီး တစ်ဦး က တွေ့ရှိခဲ့ခြင်း မှ စတင်သိရှိခဲ့ရသည်။၂၀၁၅ ခုနှစ်၌ ဂျာမနီ နိုင်ငံ တရားရုံး က ၎င်းအား လူနာနှစ်ဦး ကို နှလုံး ပျက်စီး အောင် ဆေးဝါး အလွန်အကျွံ ထိုးသွင်းမှု ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ သို့သော် Niels H မှ လူများ မည်မျှ သတ်ဖြတ်ခဲ့သည် နှင့် ပတ်သက်၍ ယင်းအမှု ကို ကိုင်တွယ်သည့် စစ်ဆေးရေးမှူး က တိကျသည့် အရေအတွက် သည် ထာဝရ သိရှိနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.