Connect with us

Europe

ဂျာမနီ ရထား တိုက်မိမှုသည် အချိန်မှူး၏ ဆုံးဖြတ်ချက် အမှားကြောင့် ဖြစ်သည်ဟု မီဒီယာများဆို

ဂျာမနီနိုင်ငံတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေး ဝန်ထမ်းများ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ တောင်ပိုင်း ဘာဗေးရီရား ပြည်နယ်တွင် ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက ဖြစ်သွားခဲ့သည့် ရထားချင်း တိုက်မိမှုတွင် အနည်းဆုံးလူ ၁၀ ဦး သေဆုံးခဲ့ပြီး ထိုသို့ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ရထား ထွက်ချိန် ကြီးကြပ်သူ အချိန်မှူး၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ဖြစ်နိုင်သည်ဟု ဂျာမန် မီဒီယာ တစ်ခု ကဖော်ပြခဲ့သည်။

ရထားလမ်း အလုပ်သမား တစ်ယောက်သည် နောက်ကျနေသည့် ရထားတွဲအား အလံဝှေ့ယမ်း အချက်ပြ သတိပေးနိုင်ရန် အတွက် အလိုအလျောက် အချက်ပြ စနစ်ကို အချိန်အတန်ကြာ ပိတ်ထားခဲ့ကြောင်း စုံစမ်း စစ်ဆေးသူများကို ကိုးကား၍ Hannoversche Allgemeine Zeitung ဂျာမနီ သတင်းစာက ဖော်ပြခဲ့သည်။

သို့သော် ရထားတွဲအား ရထားလမ်း တစ်လမ်းသွားလမ်း မှ ဒွေးလမ်းသို့ ခွဲထွက်ပေးမည့် ဆုံရပ်သို့ အချိန်မီ ရောက်ရှိလာရန် မလုပ်ဆောင် နိုင်ခဲ့ကြောင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။

ရထားနှစ်စင်း ပြင်းထန်စွာ တိုက်မိမှုတွင် လူတစ်ဦးပျောက်ဆုံးနေပြီး အခြား ၁၇ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် မီဒီယာများ ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ က ရထားတိုက်မှု အတွင်း ပျောက်ဆုံးနေသော လူတစ်ဦးအား အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်ရန် အခွင့်အလမ်း နည်းပါးကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က အတည်ပြု ပြောကြား ခဲ့သည်။

ရထားနှစ်စင်းသည် ဘာဗေးရီရား ပြည်နယ်တွင် ဒေသ စံတော်ချိန် နံနက် ၆း၄၀ နာရီ (ဂရင်းနစ် စံတော်ချိန် 0540) ၌ ပြင်းထန်စွာ ခေါင်းချင်းဆိုင် တိုက်မိပြီး အဆိုပါ ရထားနှစ်စင်းပေါ်တွင် လူပေါင်း ၁၅၀ လိုက်ပါ စီးနင်းလာ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.