Connect with us

Europe

ပြင်သစ်တွင် ကျောင်းကားနှင့် ထရပ်ကား တိုက်မိမှုကြောင့် ခြောက်ဦးသေဆုံး

ပြင်သစ်နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ကျောင်းကားနှင့် ထရပ်ကား တိုက်မိမှု မြင်ကွင်းအားတွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ပဲရစ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Charente ရေကြောင်း ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျောင်းကား တစ်စီး အတိုက်ခံရပြီး အနည်းဆုံးခြောက်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

ဆယ်ကျော်သက် ကျောင်းသား ၁၈ ဦးကို သယ်ဆောင်လာသည့် ကျောင်းကား တစ်စီးအား ထရပ်ကား တစ်စီးမှ ဒေသစံတော်ချိန် ရး၁၅နာရီ (ဂရင်းနစ်စံတော်ချိန် 0615) တွင် တိုက်မိခဲ့ကြောင်း iTele သတင်း ရုပ်သံလိုင်းက ပြောကြားခဲ့သည်။

ပြင်သစ် အစိုးရသည် Rocefort တွင် ကျောင်းကား တိုက်ခံရမှု ၌ပါဝင်ခဲ့သူများ၏ မိသားစုများအား အပြည့်အစုံ ထောက်ပံ့ ပေးထားပြီး ၎င်းတို့အား နှစ်သိမ့်အားပေးခဲ့ကြောင်း သဘာဝ ဂေဟစနစ် ဝန်ကြီး Segolene Royal က ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

Royal နှင့် ပညာရေးဝန်ကြီး Najat-Vallaud Belkacem တို့သည် ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာသို့ သွားရောက် အကူအညီပေးမည် ဖြစ်ကြောင်း သတင်း၌ ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.