Europe
ဂျော်ဂျီယာနိုင်ငံတွင် ယူရေနီယံ သတ္တု မှောင်ခိုကူးမှုဖြင့် လူ ၆ဦးအား ဖမ်းဆီး

တဘီလီဆီ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
ဂျော်ဂျီယာနိုင်ငံ တွင် ရေဒီယို သတ္တိကြွ ယူရေနီယံ-၂၃၈ အား တရားမဝင် မှောင်ခိုကူးသည့် လူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဧပြီလ ၁၈ ရက်ကပြောကြားခဲ့သည်။
တရားခံများ အား ဖမ်းမိချိန်တွင် ၎င်းတို့ တစ်ဦးချင်းစီသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နျူကလီးယားပြုလုပ်သည့် ယူရေနီယံ သတ္တု ကို တဘီလီဆီမြို့ ၌ ရောင်းချရန် စီစဉ်နေကြောင်း ဂျော်ဂျီယာနိုင်ငံ လုံခြုံရေး ဋ္ဌာနကပြောကြားခဲ့သည်။
တရားရုံးက ဂျော်ဂျီယာနိုင်ငံသား သုံးဦး နှင့် အာမေးနီးယားနိုင်ငံသား သုံးဦးပါဝင်သည့် သံသယရှိသူ ၆ ဦးအား ရုံးတင်စစ်ဆေးရန် အချုပ်ချထားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ယူရေနီယံ ပမာဏကိုမူ ဖော်ပြခြင်းမရှိကြောင်း သိရသည်။
ဇန်နဝါရီလတွင်လည်း ဂျော်ဂျီယာနိုင်ငံ တွင် ရေဒီယို သတ္တိကြွ cesium-137 အား တရားမဝင် မှောင်ခိုကူးသည့် လူ ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)