Connect with us

Europe

ကမ္ဘာကျော် ရူပနက္ခတ္တဗေဒပညာရှင် စတီဗင်ဟော့ကင်း နှင့် ရုရှား ဘီလီယံနာတို့ ပူးပေါင်း၍ ကြယ်များအကြား သွားလာနိုင်သည့် မောင်းသူမဲ့ အာကာသယာဉ်များ တည်ဆောက်မည်

ကမ္ဘာကျော် ရူပနက္ခတ္တဗေဒပညာရှင် စတီဗင်ဟော့ကင်း နှင့် ရုရှား ဘီလီယံနာတို့အား သတင်းစာရှင်းလင်းပွဲ ၌တွေ့ရစဉ်-(ဓါတ်ပုံ-ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၁၃ရက် (ဆင်ဟွာ)

ကမ္ဘာကျော် ရူပနက္ခတ္တဗေဒပညာရှင် စတီဗင်ဟော့ကင်း သည် ရုရှား ဘီလျံနာ Yuri Milner၊ Facebook တည်ထောင်သူ Mark Zuckerberg တို့နှင့်ပူးပေါင်းပြီး ကြယ်တာရာများကြား သွားလာနိုင်သည့် မောင်းသူမဲ့ အာကာသယာဉ်ငယ် များ ပြုလုပ်ရန် အမေရိကန်ဒေါ်လာ သန်း၁၀၀ တန် စီမံကိန်း လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

ဟော့ကင်းနှင့် Milnerတို့သည် နယူးယောက်မြို့ရှိ One World နက္ခတ်ဗေဒ လေ့လာရေး အဆောက်အအုံ တွင် ဧပြီလ ၁၂ရက် က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ ၌ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Breakthrough Starshot” အမည်ရှိ စီမံကိန်းသည် လက်ရှိအမြန်ဆုံး အာကာသယာဉ်များထက် အဆ ၁၀၀၀ ပိုမြန်ပြီး အလင်းအမြန်နှုန်း ၏ ၂၀ရာခိုင်နှုန်း ဖြင့် သွားလာနိုင်သည့် နာနို အာကာသယာဉ် များ တည်ဆောက်နိုင် ရန် ရည်ရွယ်သည့် သုတေသနလုပ်ငန်းနှင့် အင်ဂျင်နီယာ အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
Milner ၏ပြောကြားချက်အရ နာနိုအာကာသယာဉ်များကို တည်ဆောက်ပြီးစီးပါက လက်ရှိအမြန်ဆုံး အာကာသယာဉ် အနေဖြင့် အချိန် နှစ်ပေါင်း ၃၀,၀၀၀ သွားလာမှ ရောက်ရှိနိုင်သည့် နေအဖွဲ့အစည်းနှင့် အနီးဆုံး ဖြစ်ပြီး ကမ္ဘာမြေမှ အလင်းနှစ် ၄.၃၇နှစ် ကွာဝေးသော Alpha Centauri ကြယ်တာရာ ဆီသို့ ကြာချိန် နှစ် ၂၀ ဖြင့် ပျံသန်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နာနိုအာကာသယာဉ်များသည် အလေးချိန် ဂရမ်အတိုင်းအသာ ရှိသော်လည်း အာကာသယာဉ် တစ်စင်း၏ လုပ်ငန်းဆောင်တာ အလုံးစုံကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ကင်မရာ၊ ဆက်သွယ်ရေး နှင့် လမ်းကြောင်းပြ ကိရိယာ စသည့် ပစ္စည်း မျိုးစုံကို သယ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နာနိုအာကာသ ယာဉ်များကို စွမ်းအင် ၁၀၀ ဂဂ္ဂါဝပ် ရှိ စွမ်းအားမြင့် လေဆာရောင်ခြည်ဖြင့် အာကာသထဲသို့ တွန်းပို့နိုင်မည်ဖြစ်ကြောင်း သီအိုရီဆိုင်ရာ ရူပဗေဒပညာရှင် Avi Loeb က သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ဧပြီလ ၁၂ရက်နေ့သည် ပထမဆုံး အာကာသတွင်းသို့ လူလိုက်ပါစီးနင်းမှုအဖြစ် ရုရှား အာကာသယာဉ်မှူး Yuri Gagarin လိုက်ပါပျံသန်းခြင်း ၅၅နှစ်မြောက် အခမ်းအနားဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.