Connect with us

Europe

စပိန်တွင် ဇီကာ ဗိုင်းရပ်စ် ကူးဆက်ခံရမှု ၅၈ ခု ရှိလာ

ဇီကာ ဗိုင်းရပ်စ် ကူးဆက်ခံထားရသူ ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှု နှင့် သာတူညီမျှရေးဆိုင်ရာ ဝန်ကြီးဌာနက စပိန်နိုင်ငံ တစ်ဝန်း၌ ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရမှု စုစုပေါင်း ၅၈ ခုထိ ရှိလာကြောင်း မတ်လ ၂၈ ရက်က အတည်ပြု ပြောကြား လိုက်သည်။

ဝန်ကြီးဌာနက ဗိုင်းရပ်စ် ကူးဆက်ခံရမှု ဖြစ်စဉ် အားလုံးသည် ဇီကာ ဗိုင်းရပ်စ် ပြန့်ပွားနေသည့် နိုင်ငံမှ ရောဂါပိုးအား သယ်ဆောင်လာသည့် သူများမှ တစ်ဆင့် ကူူးဆက်ခြင်း ဖြစ်ပြီး အချို့ကူးဆက်မှုများသည် ကိုယ်ဝန်ဆောင် မိခင်များ အတွက် သန္ဓေသားလောင်း ကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

စပိန်နိုင်ငံ ၌ ဗိုင်းရပ် ကူးဆက်မှုသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ၁၅ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၉ ဦးမှာ ကိုယ်ဝန်ဆောင် မိခင်များ ဖြစ်ကြောင်း သိရသည်။

စပိန်နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးဆက် ခံရမှုများသည် Madrid ဒေသ ၌ ၁၆ ဦး၊ Catalan ဒေသ၌ ၁၄ ဦး၊ Castilla-Leon ၌ ၇ ဦး၊ Aragon ၌ ၆ ဦး၊ Valencia ၌ ၃ ဦး၊ Asturias ၊ Murcia နှင့် Canary ကျွန်းများ၌ ၂ ဦးစီ၊ Andalusia၊ Navarra၊ La Rioja၊ Galicia နှင့် Basque ဒေသများ၌ တစ်ဦးစီ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.