Connect with us

Europe

စပိန်နိုင်ငံ၌ အီစတာ ပွဲတော်အတွင်း သေဆုံးသူ ၃၆ ဦး ရှိခဲ့

စပိန်နိုင်ငံတွင် ကျင်းပခဲ့သည့် အီစတာပွဲတော် မြင်ကွင်းများအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ အထွေထွေ ယာဉ်ကြော လမ်းညွှန် (DRG) ဌာန က အီစတာ ပွဲတော် အပြီးတွင် စပိန် လမ်းမများပေါ်၌ ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် သေဆုံးသူ စုစုပေါင်း ၃၆ ဦး ရှိခဲ့ကြောင်း မတ်လ ၂၈ ရက် က အတည်ပြု ပြောကြား ခဲ့သည်။

စပိန်နိုင်ငံတွင် အီစတာ ပွဲတော် အားလပ်ရက်များသည် မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီတွင် တရားဝင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စပိန်နိုင်ငံ၏ ဒေသ အများစုတွင် ပွဲတော် အားလပ်ရက်များ ပြီးဆုံးခဲ့ သော်လည်း Catalonia၊ Basque ဒေသ၊ Navarra Valencia နှင့် Balearic ကျွန်းများတွင် အီစတာ ပွဲတော်သည် တနင်္လာနေ့ အထိ ကျင်းပဆဲ ဖြစ်ကာ သေဆုံးသူ ဦးရေလည်း ပိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

Tarragona မြို့နားတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ကျောင်းသူ ၁၃ ဦး သေဆုံးခဲ့သော ဆိုးရွားသည့် ယာဉ်မတော်တဆ ဖြစ်ရပ်များသည် မတ်လ ၂၀ ရက်နေ့ နံနက် အစောပိုင်း တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စုံစမ်း စစ်ဆေးချက်များ အရ အဆိုပါ ယာဉ်တိမ်းမှောက်မှု သည် ကားဒရိုင်ဘာ၏ အမှားကြောင့်ဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားချိန်၌ ယာဉ်ပေါ်တွင်လိုက်ပါလာ သော သေဆုံးသူ အားလုံးသည် လုံခြုံရေး ခါးပတ်ကို ပတ်ထားခြင်း မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.