Connect with us

Europe

ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် မီနီဘတ်စ် နှင် ထရပ်ကားတစ်စီးတိုက်မိ၍ ၁၂ ဦးသေဆုံး

ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့သည့် မီနီဘတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပဲရစ်၊မတ်၂၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အလယ်ပိုင်း Allier ဒေသတွင် မတ်လ ၂၄ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များကပြောကြားခဲ့သည်။

ပြည်တွင်း သတင်းစာ တစ်ခုဖြစ်သည့် La Montagne ၏ဖော်ပြချက်အရ မတ်လ ၂၄ ရက်နေ့ညတွင် ဆွစ်ဇလန်နိုင်ငံ မှ ပေါ်တူဂီနိုင်ငံသို့ ခရီးထွက်လာသည့် မီနီဘတ်စ်တစ်စီးသည် ရုတ်တရက် ဘယ်ဖက် သို့တိမ်းစောင်းသွားပြီး ထရပ်ကားကြီး တစ်စီးနှင့် တိုက်မိခဲ့ကြောင်းသိရသည်။
ယင်း ယာဉ်တိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့သော်လည်း မီနီဘတ်စ်ဒရိုင်ဘာ နှင့် ထရပ်ကားဒရိုင်ဘာနှစ်ဦး စလုံးသည် ထိခိုက်ဒဏ်ရာသာ ရရှိခဲ့ကြောင်း သိရသည်။

ဒေသခံ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ မီနီဘတ်စ် ပေါ်ရှိ ခရီးသည် ၁၂ ဦးသည် ပေါ်တူဂီ လူမျိုးများဖြစ်ပြီး အားလုံးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.