Europe
စပိန်နိုင်ငံတွင် ၆၀၀ ကီလိုဂရမ် အလေးချိန် ရှိသည့် ရောမ ကြေးဒင်္ဂါးများ ရှာဖွေတွေ့ရှိ
မက်ဒရစ်၊ ဧပြီလ ၂၉ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ Sevilla မြို့တွင် ဆောက်လုပ်ရေး လုပ်သားများသည် အလေးချိန် စုစုပေါင်း ၆၀၀ ကီလိုဂရမ် ရှိသည့် ရောမခေတ် ကြေးဒင်္ဂါးများကို ရှာဖွေ တွေ့ရှိခဲ့ပြီး အဆိုပါ တွေ့ရှိမှုသည် အလွန်အရေးပါသော တွေ့ရှိမှု တစ်ခု ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု က ဧပြီလ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
Andalusia မြို့ ယဉ်ကျေးမှု ဋ္ဌာန က အဆိုပါ ကြေးဒင်္ဂါးများသည် လေးရာစုနှစ်က ဖြစ်ပြီး ယင်းဒင်္ဂါးများအား ကျောက်အိုးများထဲတွင် ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံထားသည့် ပုံပေါ်ကြောင်း ပြောကြားခဲ့သည်။
ယင်းဒင်္ဂါး များအား Seville မြို့ရှိ ရှေးဟောင်း သုတေသန ပြတိုက်သို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိ အခြေအနေ တွင် ကျွမ်းကျင်သူများက စစ်ဆေးနေပြီး ၎င်းတို့က တစ်ခုနှင့် တစ်ခု တူညီနေသည့် ကြေးဒင်္ဂါး အမြောက် အများကို ယခင်က မြင်တွေ့ခဲ့ဘူးခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ဒင်္ဂါးများအား ရောမ အင်ပါယာခေတ် အရှေ့ပိုင်းတွင် ထုတ်လုပ်ခဲ့သည့်ဟု ယူဆရပြီး အနည်းငယ်သာ အသုံးပြု ထားသည့် ပုံပေါ်ကာ ၎င်းတို့သည် အခွန်ကောက်ခံရသည့် ဒင်္ဂါးများ (သို့) စစ်တပ်သို့ ပေးရန် အသုံးပြုသည့် ဒင်္ဂါးများ ဖြစ်နိုင်ကြောင်း သိရသည်။
စပိန်နိုင်ငံ၏ အချို့ဒေသများတွင် အထင်ကြီး လေးစားဖွယ် ရောမ ရှေးဟောင်း အနုပညာ လက်ရာများ ကျန်ရှိ နေသေးကြောင်း သိရသည်။ (Xinhua)