Connect with us

Europe

အသက် ၁၀၀ နှစ် ရှိသည့် အမျိုးသမီး ဗြိတိန်နိုင်ငံတွင် အသက်အကြီးဆုံး သတို့သမီး အရံ ဖြစ်လာ

ဗြိတိန်နိုင်ငံတွင် အသက်အကြီးဆုံး သတို့သမီး အရံ ဖြစ်လာသည့် Martha Wallbank အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အသက် ၁၀၀ နှစ်ရှိပြီ ဖြစ်သည့် Martha Wallbank အမည်ရှိ အမျိုးသမီးကြီး တစ်ဦးသည် ၎င်း၏ မွေးနေ့တွင် မြေးမ ဖြစ်သူ၏ လက်ထပ်ပွဲ၌ သတို့သမီးအရံ အဖြစ် ဆောင်ရွက်ခဲ့၍ ဗြိတိန် နိုင်ငံတွင် အသက်အကြီးဆုံး သတို့သမီး အရံ ဖြစ်လာကြောင်း သိရသည်။

Huffington Post အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားချက် အရ Martha Wallbank အား ၎င်း၏ မြေးမဖြစ်သူ Vita Cresswell က ၈ နှစ်ကြာ လက်တွဲခဲ့သည့် ၎င်း၏ ချစ်သူနှင့် လက်ထပ်မည့် အကြောင်း ပြောကြား ပြီးနောက် Martha Wallbank က ၎င်းအနေဖြင့် သတို့သမီး အရံ အဖြစ် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ဟု သိရသည်။ ထို့နောက် Cresswellက ၎င်း၏ လက်ထပ်ပွဲအား အဘွားဖြစ်သူ၏ အသက် ၁၀၀ နှစ်ပြည့် မွေးနေ့တွင် ပြုလုပ်ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ဇနီးမောင်နှံ ၂ ဦး၏ လက်ထပ်ပွဲ အစီအစဉ် ပြီးဆုံးပြီးနောက် ခရစ်ယာန် သင်းအုပ် ဆရာက ယနေ့သည် Martha Wallbank၏ ရက်ထူး ရက်မြတ် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ထပ်ပွဲသို့ တက်ရောက်လာသူများ က ၎င်းအတွက် မွေးနေ့ ဆုတောင်း သီချင်းကို သီဆို ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.