Connect with us

Europe

မိုင်ပေါင်း ၂၄၀ ခရီးကို ဖြတ်ကျော်ကာ သခင်ဟောင်းထံ အရောက်ပြန်လာသည့် ဗြိတိန်မှ သိုးထိန်းခွေးလေး

ခွေးလေး ပီရိုနှင့် သခင်ဟောင်း Alan နှင့် Shan James တို့အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အိမ်ကို လွမ်းနေသော ခွေးလေးတစ်ကောင်သည် ပိုင်ရှင် အသစ်ထံမှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် ဗြိတိန် နိုင်ငံ ဝေးလ်ပြည်နယ်ရှိ ၎င်းမွေးဖွားခဲ့ရာ နေအိမ်သို့ မိုင်ပေါင်း ၂၄၀ (၃၈၆ ကီလိုမီတာ) ခရီးကို အပြေးနှင် လာခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများ အရ သိရသည်။

အသက် ၄ နှစ်အရွယ် ပီရို အမည်ရှိ သိုးထိန်း ခွေးလေး တစ်ကောင်သည် Cockermouth မြို့ရှိ သခင် အသစ် ထံမှ လွတ်မြောက်လာပြီးနောက် Ceredigion ခရိုင်၊ Penrhyncoch ရွာ ရှိ ၎င်းမွေးဖွားခဲ့ရာ သခင်ဟောင်း နေအိမ်သို့ ၁၂ ရက်ကြာ ခြေလျင် ခရီးဖြင့် ပြန်လာခဲ့ကြောင်း ဗြိတိန် သတင်းစာ The Telegraph ၌ ဖော်ပြထား သည်။
၎င်း၏ မူလသခင် Alan နှင့် Shan James တို့၏ အိမ်တံခါးဝ၌ ရောက်ရှိလာခဲ့သည့် ခွေးလေးမှာ ပျော့ခွေကာ အနည်းငယ် ပိန်သွားသည့်မှ အပ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
“ခွေးလေးက သူ့ (Alan) ပေါ်ခုန်တက်တယ်၊ ပြီးတော့ ပတ်ခြာလှည့် ပတ်သွားနေတယ်၊ သူဒီကို ဘယ်လို ပြန်ရောက်လာသလဲ ဆိုတာ မယုံကြည်နိုင်ဘူး” ဟု မစ္စ ဂျိမ်းစ်က ပြောသည်။

ခွေးလေး ပီရို ဖြတ်သန်းလာခဲ့သည့် ခရီးအား မြေပုံဖြင့် ပြသထားစဉ် (ဆင်ဟွာ)

ခွေး အပြုအမူ ဆိုင်ရာ ကျွမ်းကျင်သူ Stan Rawlinson ယခုလို အန္တရာယ် ဖြစ်စေ နိုင်လောက်သည့် ခရီးအား ခွေးတစ်ကောင်က လုပ်ခဲ့ခြင်းမှာ မယုံကြည်နိုင်ဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့သလို အလုပ်လုပ်သည့် ခွေးအများစု၌ အထူးသဖြင့် သဘာဝက ပေးသည့် သံလိုက်အိမ်မြှောင်နှင့် အကွာအဝေးကို ခံစားနိုင်သည့် အသိရှိကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ခရီးရှည် နှင်လာခဲ့သည့် ခွေးလေး ပီရိုမှာ လက်ရှိတွင် ဂျိမ်းစ်၏ လယ်တောထဲတွင် သိုးထိန်းခွေး ၁၅ ကောင်ထဲ၌ တစ်ကောင် အပါအဝင် ဖြစ်နေခဲ့ပါပြီ။
“သူက ကျွန်မတို့ အိမ်မှာ ပျော်နေတယ်ဆိုတာ အထင်အရှားပါပဲ၊ ပီရိုကို ကျွန်မတို့ ဆီမှာပဲ မြင်ရတော့မယ်ဆိုတာ ကျွန်မ အသေအချာ ပြောရဲပါပြီ” ဟု မစ္စ ဂျိန်းစ်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.