မက်ဒရစ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ အရှေ့မြောက်ဒေသ ကက်တလိုနီးယားရှိ ရဲစခန်းတစ်ခုအား ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းအမျိုးသားကို အခင်းဖြစ်ရာနေရာ၌ပင် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)