Connect with us

Europe

အင်တာပိုမှ အလိုရှိနေသူ ဆာလ်ဗေးဒေါနိုင်ငံသားကို မက္ကဆီကိုက ပြည်နှင်ဒဏ်ပေး

မက္ကဆီကိုနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ရှာဖွေနေသော ဆာလ်ဗေးဒေါနိုင်ငံသား ဝရမ်းပြေးတစ်ဦးအား မက္ကဆီကိုနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း National Migration Institute (INM) က သြဂုတ်လ၂၉ ရက်က ပြောကြားလိုက်သည်။

ယင်းအမျိုးသားသည် Ramon “N” အဖြစ်သာ ဖော်ထုတ်သိရှိထားပြီး အမှုပေါင်းများစွာ စွဲချက်တင်ခံထားရသူဖြစ်ကြောင်း၊ MS-13 street ဂိုဏ်းဝင်ဟု ယုံကြည်ရကြောင်း ဆာလ်ဗေးဒေါနိုင်ငံ အာဏာပိုင်များက ပြောကြားခဲ့သည်။၎င်းသည် မက္ကဆီနိုင်ငံ တောင်ပိုင်း Chiapas ပြည်နယ်တွင် နေထိုင်ခဲ့ပြီးနောက် မက္ကဆီကို အာဏာပိုင်များက ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်ကြောင်း INM က သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“သူက သူ့နိုင်ငံမှာ လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ခိုးမှု၊ ခြိမ်းခြောက် ငွေညှစ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းချမှုတွေကို ကျူးလွန်ထားတဲ့အတွက် အမှုတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သတင်းထုတ်ချက်တွင် ပါရှိသည်။ထို့ပြင် ၎င်းသည် Yayantuque နည်မြေအတွင်း အကြမ်းဖက်မှုကို စည်းရုံးလှုံဆော်မှုအတွက်လည်း တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည်။Ramon “N” အား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများမှတစ်ဆင့် ဆာလ်ဗေးဒါးနိုင်ငံ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117