Connect with us

Europe

စပိန် နိုင်ငံ တောင်ပိုင်းတွင် ရထား တွဲချော်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၇ ဦး ဒဏ်ရာရရှိ

စပိန် နိုင်ငံ တွင် တွဲချော်မှု ဖြစ်ပွား ခဲ့သည့် ရထား အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

စပိန် နိုင်ငံ တောင်ပိုင်း Andalusia ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွင် နိုဝင်ဘာ ၂၉ ရက်နေ့၌ ရထား တွဲချော်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး မှာ ဒဏ်ရာ လွန်စွာ ပြင်းထန်ကြောင်း သိရှိခဲ့ရသည်။

ရထား တွဲချော်မှု သည် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ရထား ၏ တတိယ မြောက် တွဲဆိုင်း မှ စတင် တွဲချော်ခဲ့ပြီး အခြား တွဲဆိုင်းများ ပါ ဆက်လက်၍ တွဲချော်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အခင်းဖြစ်စဉ် ကို ကြုံတွေ့ ခဲ့ရသည့် ခရီးသည် တစ်ဦး က ရထားသည် တံတား တစ်ခု ကို ဖြတ်ကျော် ပြီးနောက်တွင် ပြင်းထန်စွာ စတင် တုန်ခါ လာခဲ့ပြီး ခရီးဆောင် အိပ်များ အဆက်မပြတ် ပြုတ်ကျ လာခဲ့ကြောင်း ပြောကြား ခဲ့သည်။အခင်းဖြစ်ပွား ရသည့် အကြောင်းရင်း မှာ ယင်း ရထားလမ်းပိုင်း အနီးရှိ စမ်းချောင်း တစ်ခု မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်း ဖြစ်ပွားခဲ့ရာ ရထားလမ်း၏ အောက်ခြေမြေသားများ တိုက်စားခြင်း ခံရသဖြင့် အခင်း ဖြစ်ပွားခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.