Connect with us

Europe

ဘရာဇီးကွင်းလယ်လူ လူးကပ်စ်လီမာက Palmeiras ကလပ်သို့ ပြောင်းရွှေ့

ဘရာဇီး ကွင်းလယ်ကစားသမား လူးကပ်စ်လီမာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဘရာဇီး ကွင်းလယ်ကစားသမား လူးကပ်စ်လီမာ (Lucas Lima) သည် လာမည့်လတွင် ပြိုင်ဘက် ကလပ်အသင်း Palmeiras သို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း Santos ကလပ်အသင်းအား ပြောကြားခဲ့သည်။

Santos ကလပ်နှင့် လီမာတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ဒီဇင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သော်လည်း နိုဝင်ဘာလ ၁၆ ရက်ကတည်းက Santos ကလပ်အသင်းအတွက် ကစားပေးခြင်းမရှိတော့ဘဲ ဒီဇင်ဘာလ ၃ ရက်တွင် ကျင်းပမည့် Avai နှင့် Santos တို့ယှဉ်ပြိုင်မည့် ဘရာဇီး စီးရီးအေ နောက်ဆုံးပွဲစဉ်နှင့် လွဲချော်မည် ဖြစ်ကြောင်း သိရသည်။

“လူးကပ်စ်လီမာ Palmeiras ကို ပြောင်းရွှေ့မဲ့အပေါ် ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ကျေနပ်ကြပါတယ်။ သူက ကျွန်တော်တို့ အသင်းမှာ လေးနှစ်ကြာ ကစားပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ပါတယ်၊ သူ ကံကောင်းပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်” ဟု Santos ကလပ် ဥက္ကဋ္ဌ Modesto Roma က ဘရာဇီး သတင်းစာ Globoesporte သို့ ပြောကြားခဲ့သည်။

လီမာသည် ဘရာဇီး လက်ရွေးစင်အသင်း၌ ၁၄ ကြိမ် ကစားခဲ့ပြီး Palmeiras နှင့် ငါးနှစ် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။အသက် ၂၇ နှစ်အရွယ် လီမာသည် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာ၊ အဲဗာတန်၊ Fenerbahce အပါအဝင် ဥရောပ ကလပ်များစွာနှင့် ချိတ်ဆက်ကစားခဲ့သည်ဟု ဆိုသည်။ (Xinhua)