Europe
စပိန် နိုင်ငံ မက်ဒရစ် မြို့ရှိ ဂိုထောင် တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၃၀ ခန့် ဒဏ်ရာရရှိ

မက်ဒရစ် ၊ မေ ၅ ရက် (ဆင်ဟွာ)
စပိန် နိုင်ငံ မြို့တော် မက်ဒရစ် မြို့ ပြင်ရှိ အမှိုက်ပြန်လည် သိမ်းဆည်းရေး ဂိုထောင် တစ်ခုသည် မေလ ၄ ရက်နေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
ပေါက်ကွဲမှု သည် ဒေသစံတော်ချိန် မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မိုင်ပေါင်း ဆယ်နှင့်ချီသော အကွာအဝေး ၌ပင် မီးခိုးငွေ့များကို မြင်တွေ့နိုင်ခဲ့သည်။ပေါက်ကွဲမှု ကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦ ၄ ခုကိုပါ ထိခိုက်စေခဲ့ပြီး ဒဏ်ရာရရှိသူများ အနက် ၃ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရှိခဲ့ရသည်။
စပိန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဂိုထောင် သည် အန္တရာယ်ရှိသော အမှိုက်များကို ပြန်လည် သိမ်းဆည်းသည့် ကုမ္ပဏီ ပိုင် ဂိုထောင် တစ်ခုဖြစ်ပြီး ပေါက်ကွဲစေခဲ့သည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ စပိန် နိုင်ငံ ရဲတပ်ဖွဲ့ က ဂိုထောင် ပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်းရှိ နေထိုင်သူများကို ရွှေ့ပြောင်းပေးခဲ့ပြီး ပေါက်ကွဲစေခဲ့သည့် အကြောင်းရင်း နှင့်ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
စပိန် နိုင်ငံ ပတ်ဝန်းကျင် အခြေအနေ တိုင်းတာရေး ပညာရှင်များက ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးများသည် လူအတွက် အန္တရာယ် ဖြစ်စေနိုင်ပြီး ဒေသတွင်းရှိ ပြည်သူလူထု တို့မှ အဆိပ်ငွေ့များ မရှူရှိုက် မိစေရန် အတွက် နေအိမ်အတွင်း နေထိုင်ကြရန် အကြံပြုခဲ့ကြောင်း သိရှိရသည်။(Xinhua)