Connect with us

Europe

ပြင်သစ် သမ္မတလောင်း Le Pen ၏ ဝက်ဘ်ဆိုဒ်ကို တိုက်ခိုက်ကြောင်း စွပ်စွဲခံရသူ အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံ သမ္မတလောင်း Marine Le Pen အား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မေ ၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Marine Le Pen ၏ မဲဆွယ်စည်းရုံးရေး ဝက်ဘ်ဆိုဒ်အား ပုံမှန် တိုက်ခိုက်လေ့ရှိသူဟု သံသယရှိခံထားရသော အမျိုးသား တစ်ဦးကို ပြင်သစ် ဆိုက်ဘာ ပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Le Pen ၏ National Front (FN) ပါတီက မေလ ၄ ရက်တွင် ကြေညာလိုက်သည်။

ကျွန်တော်တို့တွင် ရှိသော ဟက်ကာများ၏ အမည်နှင့် ဆက်စပ် အချက်အလက်များကို ရဲတပ်ဖွဲ့ထံ ပေးထားကြောင်း Le Pen ၏ မဲဆွယ် စည်းရုံးရေး မန်နေဂျာ ဒေးဗစ် ရေ့ချ်လိုင်းက ပြောကြားခဲ့သလို “တစ်ဦးချင်း အနေနဲ့ ပြောရရင် လက်ဝဲယိမ်းဘက်နဲ့ နီးစပ်မယ်ထင်တယ်” ဟု FN ပါတီ ပြန်ကြားရေး အကြီးအကဲ ဂေတန် ဘာ့ရန်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

“သမ္မတလောင်း မဲဆွယ် စည်းရုံးရေး လုပ်ဆောင်နေစဉ် တစ်လျှောက်လုံး အထူးသဖြင့် ၂၀၁၇ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ မဲဆွယ် စည်းရုံးရေး ဝက်ဘ်ဆိုဒ်ကို ရည်ရွယ်ချက်ထားပြီး ပုံမှန် တိုက်ခိုက်ခဲ့တယ်၊ မတူညီတဲ့ နည်းလမ်းတွေနဲ့ ဟက်ကာတွေက တိုက်ခိုက်ခဲ့တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ပဲရစ်မြို့ အနောက်ဘက် Nanterree မြို့နယ်ရှိ ရှေ့နေချုပ်ရုံးကလည်း ယခု ရက်သတ္တပတ်အတွင်း အမျိုးသားငယ် တစ်ဦးအား ဖမ်းဆီးမိထားကြောင်း၊ ဖမ်းဆီးခံရစဉ်တွင် ၎င်းကိုယ်တိုင် ဝန်ခံထားကြောင်း သိရသည်။

ဖမ်းဆီးရမိထားသော ကွန်ပြူတာအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။

ကနဦး စစ်ဆေးမှုကို လွန်ခဲ့သည့် သီတင်းပတ်ကုန်က လုပ်ဆောင်ခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းစာ Le Figaro အရ သိရသည်။

Le Pen သည် မေလ ၇ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် သမ္မတလောင်း စီးပွားရေး ဝန်ကြီး Emmanuel Macorn နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.