Connect with us

Europe

ဘာစီလိုနာ ဘောလုံးအသင်း က ဆာဂျီယိုအာဂွီရိုအား ခေါ်ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာ

မက်ဒရစ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

စပိန် လာလီဂါ ဘောလုံးအသင်း တစ်သင်းဖြစ်သည့် ဘာစီလိုနာ ဘောလုံးအသင်း က မေ ၃၁ ရက်၌ မန်းစီးတီးကစားသမား အာဂျင်တီးနား ရှေ့တန်းတိုက်စစ်မှူး ဆာဂျီယိုအာဂွီရို (Sergio Agüero) အား ခေါ်ယူလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ဘာစီလိုနာ၏ ကြေညာချက်တွင် အသက် ၃၃ နှစ်ပြည့်တော့မည် ဖြစ်သည့် အာဂွီရသည် ဘာစီလိုနာအသင်းနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း ၊ ၎င်းအနေဖြင့် မန်စီးတီးအသင်း နှင့် စာချုပ်ကုန်ဆုံးသွားပြီးနောက် ဇူလိုင် ၁ ရက်မှ စတင်၍ ဘာစီလိုနာသို့ တရားဝင် ပြောင်းရွှေ့လာမည်ဖြစ်ကြောင်း ၊ အာဂွီရို နှင့် ဘာစီလိုနာအသင်းအကြား ချုပ်ဆိုခဲ့သည့် စာချုပ်သည် ၂၀၂၂-၂၀၂၃ ရာသီ အကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်ဖောက်ဖျက်ပါက လျော်ကြေးငွေ ယူရိုငွေ ၁၀၀ သန်း ပေးဆောင်ရန် ပါဝင်ကြောင်း သိရသည်။

အာဂွီရိုက မေ ၃၁ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး Camp Nou အားကစားကွင်းတွင် ကျင်းပသည့် အခမ်းအနားကို တက်ရောက်ခဲ့သည်။ အခမ်းအနားပြီးနောက် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဂွီရိုက မိမိအနေဖြင့် ယခုပြောင်းရွှေ့မှုနှင့် ပတ်သက်၍ လွန်စွာကျေနပ်မိကြောင်း ၊ ဘာစီလိုနာအသင်းက မိမိအားခေါ်ယူရန် ပြောဆိုလာချိန်တွင် မိမိအနေဖြင့် လုံးဝတွေဝေခြင်းမရှိကြောင်း ၊ အဘယ်ကြောင့်ဆိုသော ဘာစီလိုနာအသင်း သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ဘောလုံးအသင်းတစ်သင်း ဖြစ်သောကြောင့် ဖြစ်ကြောင်း ၊ အနာဂတ်တွင် မိမိအနေဖြင့် အစွမ်းကုန်ကြိုးစား၍ အသင်း ဘောလုံးပွဲစဉ်များ အနိုင်ရရှိအောင် ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် အာဂွီရိုက အာဂျင်တီနားအသင်း ကစားဖော် သူငယ်ချင်း မက်ဆီ နှင့် ပတ်သက်၍လည်း ပြောကြားခဲ့သေးသည်။ ၎င်းက မိမိအနေဖြင့် မက်ဆီ နှင့်အတူ ကစားခွင့်ရရန် လွန်စွာ မျှော်လင့်ထားကြောင်း ၊ မက်ဆီ နှင့် ဘောလုံးအသင်းတစ်သင်းတွင် အတူခွင့်ရခြင်းသည် မိမိအတွက် ဂုဏ်ယူဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မက်ဆီ၏ အနာဂတ်နှင့်ပတ်သက်၍ မသေချာမှုများရှိသော်လည်း မက်ဆီအနေဖြင့် ဘာစီလိုနာတွင် ဆက်ရှိနေမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အာဂွီရိုသည် စပိန် လာလီဂါ နှင့် မစိမ်းသော ဘောလုံးအားကစားတစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ် အထိ စပိန် လာလီဂါ ပြိုင်ပွဲဝင် အက်သလီကိုမက်ဒရစ် အသင်းတွင် ကစားပေးခဲ့ဖူးသော ဘောလုံးကစားသမား တစ်ဦးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစတင်၍ ၎င်းသည် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး အချိန် ၁၀ နှစ်ကြာခဲ့သည်။ မန်စီးတီးအသင်းတွင် ၎င်းအနေဖြင့် ပွဲပေါင်း ၃၉၀ ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၂၆၀ သွင်းယူပေးနိုင်ခဲ့ကြောင်း ၊ ဂိုးဖန်တီမှု ၇၄ ကြိမ် ပြုလုပ်ပေးခဲ့ပြီး မန်းစီးတီးအသင်းနှင့်အတူ အင်္ဂလန် ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် အပါအဝင် ဖလားပေါင်း ၁၅ လုံး ရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

——————————————————
(Chinese Version)

(体育•国际足球)巴塞罗那俱乐部宣布阿圭罗加盟

新华社马德里5月31日电(谢宇智)西甲巴塞罗那俱乐部31日宣布,阿根廷前锋阿圭罗加盟巴萨。  据巴萨俱乐部发布的公告,即将迎来自己33岁生日的阿圭罗已与球队达成协议,他将在与曼城的合同结束后,于今年7月1日正式加盟加泰罗尼亚豪门。阿圭罗与巴萨签署的合同将于2022-2023赛季结束后到期,其合同毁约金高达1亿欧元。

阿圭罗在当日已完成了体检,并于诺坎普球场亮相。在随后的新闻发布会上,阿根廷人承认自己对这一转会“非常满意”。他肯定,在巴萨向他发出召唤时,他“没有半点迟疑”,因为巴萨“是全世界最好的球队”。他还说,未来自己“将拼尽全力帮助球队赢得冠军”。

发布会上,阿圭罗也谈到了自己的阿根廷同胞兼好友梅西。他表示很期待与后者一起踢球:“能与梅西同在一支球队对我来说是一种荣幸。”他还透露,尽管眼下梅西的未来仍不确定,但他认为梅西“会留在巴萨”。

阿圭罗对西甲并不陌生。他曾于2006-2011年之间为西班牙俱乐部马德里竞技效力。此后阿圭罗于2011年夏天加盟曼城。在曼城效力的10年间,他为球队在各项赛事中出战390场,打入260球,贡献74记助攻,随球队赢得包括5个英超冠军在内的共15个冠军。(完)

Photo
阿根廷前锋阿圭罗 (图片:巴塞罗那俱乐部官网)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.