Connect with us

Europe

ဆလိုဗေနီးယားတွင် ယာဉ် စီးရေ ၇၀ ပါဝင်သည့် အစုလိုက်အပြုံလိုက် ယာဉ်ဆင့်ကဲတိုက်မှု ဖြစ်ပွား၊ လေးဦးသေဆုံး ၂၉ ဦးဒဏ်ရာရ

ယာဉ်ဆင့်ကဲတိုက်မှုအား တွေ့ရစဉ် (အင်တာနက်)

လူဘီအာနာ (LJUBLJANA)၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဆလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်းတွင် ဇန်နဝါရီလ ၃၀ ရက်က အစုလိုက်အပြုံလိုက် ယာဉ်ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့ရာ လူ လေးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆလိုဗေးနီးယား သမိုင်းတလျှောက် အဆိုးဝါး ဆုံး ယာဉ်တိုက်မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင့်ကဲ ယာဉ်တိုက်မှုတွင် ဘတ်စ်ကားနှင့် ထရပ်ကား အပါအဝင် ယာဉ်ပေါင်း ၇၀ ပါဝင်ပြီး Koper မြို့ နှင့် အရှေ့မြောက် ကီလိုမီတာ ၄၀ အကွာ A1 အဝေးပြေး လမ်းမကြီးပေါ်ရှိ Senozece ဂိတ်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ ပြောစကားအား ကိုးကား၍ ဆလိုဗေးနီးယား သတင်း အေဂျင်စီ (STA) က ဖော်ပြထားသည်။

အခင်းဖြစ်စဉ်မှာ ရှိနေသည့် ရဲအရာရှိများက မတော်တဆမှုတွင် လူလေးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိ ကြောင်း ဒေသခံ ပုဂ္ဂလိက အသံလွှင့်ဋ္ဌာန POP TV အရ သိရသည်။ ဒဏ်ရာရရှိသူများအား လူဘီအာနာ၊ ပို့စ်တိုနာ နှင့် အစ်ဇိုလာရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ယာဉ်မောင်းများသည် ယာဉ်တိုက်မှုများအား ရှောင်ရှားရန် ကြိုးစားစဉ် ရုတ်တရက်တွေ့လိုက်ရသည့် ထူထပ်စွာ ကျဆင်းနေသော မြူခိုးထုကြောင့် မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် မီးသတ်ကားများ၊ အပျော်တမ်း ဆေးဘက်အကူများနှင့် ရဲအရာရှိ ဒါဇင်ပေါင်း များစွာ ပါဝင်ခဲ့သည်။

အခင်း ဖြစ်စဉ်တွင် ရိုက်ကူးထားသည့် ဗီဒီယိုတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားပြီးနောက် အပျက်အစီးများအား တွေ့ရသလို အချို့မှာ ထရပ်ကားများအောက်သို့ ရောက်ရှိနေကြောင်း ပြသထားသည်။

အကယ်၍ ငါးယောက်မြောက် သေဆုံးသူ ပေါ်ထွက်လာခဲ့လျှင် ယင်း ယာဉ်တိုက်မှုသည် ဆလိုဗေးနီးယား သမိုင်းတွင် သေဆုံးသူ အများဆုံးနှင့် အကြီးဆုံး ယာဉ်တိုက်မှုဖြစ်လာနိုင်ပြီး ကားပါဝင်မှု အရေအတွက် အများ ဆုံး ဖြစ်လာမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.