Connect with us

Europe

လေကြောင်း နယ်နိမိတ် ချိုးဖောက်မှုကြောင့် ရုရှားသံအမတ်ကို တူရကီ နိုင်ငံခြားရေးဝန်ကြီး ဆင့်ခေါ်

SU-34 တိုက်လေယာဉ်အား တွေ့ရစဉ် (အင်တာနက်)

အန်ကာရာ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဇန်နဝါရီလ ၃၀ ရက် နှောင်းပိုင်းက တူရကီ လေကြောင်းနယ်နိမိတ် အတွင်းသို့ ရုရှား တိုက်လေယာဉ် SU-34 ကျူး ကျော်ဝင်ရောက်မှု နှင့် ပတ်သက်၍ တူရကီနိုင်ငံခြားရေး ဝန်ကြီးက ရုရှား သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာနက ပြောကြားခဲ့သည်။

“ရုရှား၊ အင်္ဂလိပ် ဘာသာစကား နှစ်မျိုးလုံးနဲ့ ရေးသားထားတဲ့ တူရကီ အခြေခံ လေကြောင်းဆိုင်ရာ လိုအပ်ချက် တွေကို ရုရှား လေယာဉ်ကို ကြိမ်ဖန်များစွာ သတိပေးထားခဲ့ပါတယ်၊ နေတိုးအဖွဲ့ဝင်နိုင်ငံ နယ်နိမိတ် ဖြစ်တဲ့ တူရကီ လေကြောင်း နယ်နိမိတ်ကို ကျူးကျော် ဝင်ရောက်ခွင့် မရှိဘူး၊ ဒီလို အပြုအမူမျိုးဟာ စိုးရိမ်ဖွယ် အကျိုး ဆက်တွေကို ဦးတည်သွားနိုင်တယ်” ဟု ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်အား ဝန်ကြီးဋ္ဌာနက ရုရှား သံအမတ်အား ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံကမူ တူရကီနိုင်ငံဘက်မှ ယင်းသို့ စွပ်စွဲထားမှုအား ငြင်းဆိုထားပြီး ၎င်းတို့ လေယာဉ်မှာ ဆီးရီးယား နယ်နိမိတ်အတွင်း၌သာ ရှိနေခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်ကလည်း ရုရှား SU-24 စစ်လေယာဉ် တစ်စင်းအား နယ်နိမိတ် ကျူးကျော်လာကြောင်း စွပ်စွဲ ချက်ဖြင့် တူရကီလေတပ်က ပစ်ချခဲ့ပြီး ရုရှားအစိုးရကမူ ယင်းလေယာဉ်သည့် ဆီးရီးယား လေကြောင်း နယ်နိ မိတ် အတွင်းမှာသာ ပျံသန်းနေခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

ထို ပစ်ချမှုအတွက် တူရကီ ခေါင်းဆောင်ပိုင်းမှ ပြန်လည်တောင်းပန်ရန် ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တောင်းဆိုထားသလို ရုရှား ဝန်ကြီးချုပ် ဒီမိထရီ မတ်ဗပ်ဒပ် (Dmitry Medvedev) ကလည်း တူရကီ အပေါ် စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.