Connect with us

Europe

ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းများ တင်ဆောင်လာသည့်  တရုတ်-ဥရောပ ကုန်တင်ရထား ဘူဒါပတ်စ်မြို့သို့ ရောက်ရှိ

တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် တင်ဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ BILK ထောက်ပံ့သယ်ပို့ရေးစင်တာသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံအတွက် လွန်စွာလိုအပ်လျက်ရှိသည့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ တင်ဆောင် လာသော တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် ဧပြီ၂၇ ရက်က ဘူဒါပတ်စ်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ကုန်တင်ရထားသည်  တရုတ်နိုင်ငံတောင်ပိုင်း ဆန်းတုန်းပြည်နယ် မြို့တော် ကျိနန်မှ ဧပြီ ၇ ရက်က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဟန်ဂေရီနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် အကူအညီပေးရန် နှာခေါင်းစည်းများ၊ လက်အိတ်များနှင့် အခြားအကာအကွယ်ကိရိယာများ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။ 

တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် တင်ဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ BILK ထောက်ပံ့သယ်ပို့ရေးစင်တာသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံသည် အာရှမှ ဥရောပသို့ ကုန်စည် ပို့ဆောင်ရာ လမ်းကြောင်းပေါ်တွင် ကြားခံနိုင်ငံအဖြစ်တည်ရှိနေပြီး ယင်းအတွက် အကျိုးကျေးဇူးများစွာ ရရှိကာ ဒေသတွင်း ထောက်ပံ့သယ်ယူပို့ရေးစင်တာ ဖြစ်လာနိုင်ကြောင်း ဟန်ဂေရီနိုင်ငံ စွန့်ဦးတီထွင်မှုနှင့် နည်းပညာဝန်ကြီးဌာနမှ သယ်ယူပို့ဆောင်ရေးမူဝါဒဆိုင်ရာ ဝန်ကြီး Laszlo Mosoczi က မီးမောင်းထိုးပြောကြားခဲ့သည်။

တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် တင်ဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ BILK ထောက်ပံ့သယ်ပို့ရေးစင်တာသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် တင်ဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ BILK ထောက်ပံ့သယ်ပို့ရေးစင်တာသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် တင်ဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ BILK ထောက်ပံ့သယ်ပို့ရေးစင်တာသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ ကုန်တင်ရထား အပါအဝင် ကုန်စည်ပို့ဆောင်ရေးမှာ ပါဝင်သူအားလုံးဟာ လက်ရှိ အရေးပေါ်အခြေအနေမှာ စံပြုထိုက်သူတွေပါပဲ ” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။တရားဝင်ကိန်ဂဏန်းများအရ ဟန်ဂေရီနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုသည် ဧပြီ ၂၇ ရက်တွင် ၂,၅၈၃ ဦးရှိပြီး သေဆုံးသူ ၂၈၀ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၄၉၈ ဦး ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.