Connect with us

Europe

ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးအသင်းအား ကြေညာရန်ထိုက်တန်ကြောင်း Aurelio ပြောကြား

အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း ထောက်ခံသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ မေ ၄ ရက်(ဆင်ဟွာ)

လီဗာပူးအသင်း နောက်ခံကစားသမားဟောင်း Fabio Aurelio က ယခုနှစ်ဘောလုံးရာသီ အဆုံးမသတ်နိုင်ခဲ့လျှင် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးအသင်းအား ထုတ်ဖော် ကြေညာသင့်ကြောင်း မေ ၃ ရက်တွင် ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကို မတ် ၁၃ ရက် မှ စတင်ကာ ရပ်ဆိုင်းထားခဲ့ရပြီး ၎င်းပြိုင်ပွဲအား မည်သည့်အချိန်တွင် ပြန်လည်စတင်ရန် သို့မဟုတ် ယခုလက်ရှိရပ်ဆိုင်းထားမှုအား ရုပ်သိမ်းသွားရန် အစီအစဉ်ရှိမရှိနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း (အနီရောင်) ကစားသမားများ ပြိုင်ပွဲ ယှဉ်ပြိုင်နေဟန်စဉ်  (ဆင်ဟွာ)

 အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း (အနီရောင်) ကစားသမားများ ပြိုင်ပွဲ ယှဉ်ပြိုင်နေဟန်စဉ်  (ဆင်ဟွာ)

လီဗာပူးအသင်းတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပါဝင်ကစားခဲ့သော ကစားသမားဟောင်း Aurelio က ယခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီကို နယ်သာလန်နိုင်ငံ Eredivisie ဘောလုံးပြိုင်ပွဲကဲ့သို့ တရားမဝင်တော့ကြောင်း နှင့် အတည်မဖြစ်တော့ကြောင်း ထုတ်ပြန်ကြေညာသွားမည်ကို စိုးရိမ်ပူပန်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

“ ချန်ပီယံအသင်းဆိုပြီး တရားဝင် အသိအမှတ် မပြုထားပေမယ့်လည်း လူတိုင်းက သိကြပါတယ် ၊ ဒီနှစ်ပရီးမီးယားလိဂ်ချန်ပီယံဟာ လီဗာပူးအသင်းပါပဲ ” ဟု Globo Esporte သတင်းဌာနနှင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသက် ၄၀နှစ်အရွယ် Aurelio က ဆိုသည်။

 အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း (အနီရောင်) ကစားသမားများ ပြိုင်ပွဲ ယှဉ်ပြိုင်နေဟန်စဉ်  (ဆင်ဟွာ)

 အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း (အနီရောင်) ကစားသမားများ ပြိုင်ပွဲ ယှဉ်ပြိုင်နေဟန်စဉ်  (ဆင်ဟွာ)

၂၀၁၃ ခုနှစ်တွင် ဘောလုံးကစားခြင်းမှ အနားယူခဲ့ပြီး လက်ရှိတွင် ကစားသမားအေဂျင့်တစ်ဦးအဖြစ် လုပ်ကိုင်နေသူ Aurelio က လီဗာပူးအသင်း မန်နေဂျာ ဂျာဂင်ကလော့ပ်အား ချီးကျူးစကားဆိုခဲ့သည်။ ကလော့ပ်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် လီဗာပူးအသင်း မန်နေဂျာအဖြစ် ခန့်အပ်ခြင်း ခံရချိန်မှ စတင်ကာ အသင်းအား ရလဒ်ကောင်းများ ထွက်ပေါ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

 အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း (အနီရောင်) ကစားသမားများ ပြိုင်ပွဲ ယှဉ်ပြိုင်နေဟန်စဉ်  (ဆင်ဟွာ)

 အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်း (အနီရောင်) ကစားသမားများ ပြိုင်ပွဲ ယှဉ်ပြိုင်နေဟန်စဉ်  (ဆင်ဟွာ)

“ ကလော့ပ် လက်ထက်မှာ အသင်းရဲ့ တိုးတက်မှုဟာ အံ့ဩစရာပါပဲ ” ဟု Aurelio က ဆိုသည်။ “ တစ်ကမ္ဘာလုံးက လစ်ဗာပူးအသင်းကို အသိအမှတ်ပြုလက်ခံခဲ့ကြတယ် ၊ ဒါပေမယ့် ကလော့ပ်ကတော့ အသင်းကို ပုံစံသစ်တစ်ခု ဆောင်ကြဉ်းပေးခဲ့တယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လီဗာပူးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ထိပ်ဆုံးမှ ရပ်တည်နေပြီး ဒုတိယနေရာ၌ ရပ်တည်နေသော အနီးကပ်ဆုံးပြိုင်ဖက် မန်ချက်စတာစီးတီးအသင်းအား ၂၅ မှတ် ဖြတ်ထားသည်။ အသင်းအနေဖြင့် ပွဲကျန် ၉ ပွဲ ယှဉ်ပြိုင်ရန် ရှိနေသေးသော်လည်း ချန်ပီယံဖြစ်ရန် ရမှတ် ၆ မှတ်သာလိုတော့ကြောင်း နှင့် ယခုနှစ်တွင် ချန်ပီယံဆုဆွတ်ခူးခဲ့ပါက ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရရှိခြင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117