Connect with us

Europe

ဇင်ဘာဘွေနိုင်ငံ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၅ ဦးအနက် ဖင်လန်နိုင်ငံသား စီးပွားရေးအမှုဆောင်အရာရှိ ၂ ဦး ပါဝင်

ဇင်ဘာဘွေနိုင်ငံတွင် ပျက်ကျခဲ့သည့် လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟယ်လ်စင်ကီ ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ၌ ကိုယ်ပိုင်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် သေဆုံးသူ ၅ ဦးအနက် ဖင်လန်နိုင်ငံမှ စီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိ ၂ ဦး ပါဝင်ကြောင်း ဖင်လန်နိုင်ငံ မီဒီယာက နိုဝင်ဘာလ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

သေဆုံးသွားသည့် အမှုဆောင်အရာရှိများမှာ စက္ကူထုတ်လုပ်သူ United Paper Mills ၏ biorefining ကဏ္ဍ ဒါရိုက်တာ Heikki Vappula နှင့် Lassila & Tikanoja ဝန်ဆောင်မှုကုမ္ပဏီ၏ စီအီးအို Pekka Ojanpaa တို့ဖြစ်ကြောင်း ၎င်းတို့၏ ကုမ္ပဏီများက အတည်ပြုပြောကြားခဲ့သည်။ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် Juha Sipila နှင့် နိုင်ငံခြားရေးဝန်ကြီး Timo Soini တို့က သေဆုံးမှုများအတွက် ကြေကွဲဝမ်းနည်းမှုများကို လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့သည်။နိုဝင်ဘာလ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်မှုတွင် အမှုဆောင်အရာရှိ နှစ်ဦးအပါအဝင် ဖင်လန်နိုင်ငံသား လေးဦးနှင့် ဇင်ဘာဘွေနိုင်ငံသား လေယာဉ်မှူး တစ်ဦးသေဆုံးခဲ့ကြောင်း ဇင်ဘာဘွေ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ သေဆုံးသူများအားလုံးသည် ဇင်ဘာဘွေနိုင်ငံတွင် အမဲလိုက်ခရီးစဉ်တစ်ခုသို့ သွားရောက်နေခြင်း ဖြစ်သည်။အခြားဖင်လန်နိုင်ငံသား ၂ ဦးမှာ ဥပဒေဝန်ဆောင်မှုကုမ္ပဏီကြီးတစ်ခု၏ ပူးတွဲပိုင်ရှင်တစ်ဦးနှင့် ဦးဆောင် IT လုပ်ငန်းခွဲအဖွဲ့ဝင်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.