Connect with us

Europe

၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏မြို့၄ မြို့မှာ ကမ္ဘာ့ထိပ်တန်းမြို့၁၀မြို့စာရင်းတွင် ပါဝင်လာမည်ဟု ဆို

တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲကျင်းပခဲ့သည့် ရှန်ဟိုင်း အမျိုးသား ပြပွဲ အဆောက်အဦ အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏မြို့၄ မြို့သည် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးထိပ်တန်းမြို့ ၁၀ မြို့စာရင်းတွင် ပါဝင် လာမည်ဟု ဗြိတိန်နိုင်ငံ Oxford စီးပွားရေးသုတေသနဌာနက ယခုရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အကြိုခန့်မှန်းချက်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် နယူးယောက်၊ တိုကျို၊ လော့စ်အိန်ဂျလိစ် နှင့် လန်ဒန်မြို့များက ထိပ်ဆုံး လေးနေရာတွင်ရှိမည်ဖြစ်ပြီး ရှန်ဟိုင်းက အမှတ်စဉ် ၅ ၊ ပေကျင်းက အမှတ်စဉ် ၆၊ ကွမ်ကျိုးက အမှတ်စဉ် ၉ နှင့် ဆန်းကျင့်က အမှတ်စဉ် ၁၀ တွင် အသီးသီးရှိမည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြန်ဆုံးစာရင်းတွင်လည်း တရုတ်နိုင်ငံ၏ မြို့ ၄ မြို့က ထိပ်ဆုံးမြို့၁၀ မြို့ စာရင်းတွင် ပါဝင်နေပြီး အမှတ်စဉ် ၅ က ဆန်းကျန့်၊ အမှတ်စဉ် ၈ ၊ ၉ ၊ ၁၀ က ထျန်းကျင်း၊ ရှန်ဟိုင်းနှင့် ချုံချင့်တို့ဖြစ်ကြောင်း သိရသည်။ အစီရင်ခံစာအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြန်ဆုံး စာရင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံ၏မြို့များက ရှေ့ဆုံး၌ရှိနေမည်ဖြစ်ပြီး ၎င်းစာရင်းတွင် Bengaluru ၊ ဒါကာ၊ မွမ်ဘိုင်း၊ ဒေလီမြို့များက ထိပ်ဆုံး လေးနေရာတွင်ရှိမည်ဖြစ်ကြောင်း သိရသည်။လူဦးရေအများဆုံးမြို့စာရင်းတွင် ဂျကာတာ၊တိုကျိုနှင့်ချုံချင့်မြို့များက ရှေ့ဆုံးသုံးနေရာတွင်ရှိနေပြီး လူဦးရေမှာ ၃၈ သန်း၊ ၃၇.၈သန်း နှင့် ၃၂.၂ သန်း အသီးသီးဖြစ်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.