Connect with us

Europe

ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ဥရောပသမဂ္ဂနိုင်ငံများက သဘောတူအတည်ပြု

ဥရောပသမဂ္ဂအထူးထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဥရောပ ကောင်စီ ဥက္ကဋ္ဌ Donald Tuskအား တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂအထူးထိပ်သီး အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းနေသည့် တစ် နှစ်ကျော် ကာလအတွင်း ရရှိသည့် အောင်မြင်မှုကြီးတစ်ခုဖြစ် သည်။

ဗြိတိန်မှလွဲ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံ၏ခေါင်းဆောင်များက ဗြိတိန်ခွဲထွက်ရေးဆိုင်ရာာ သဘောတူညီချက်နှင့် ဗြိတိန်-ဥရောပသမဂ္ဂ အနာဂတ်ဆက်ဆံရေး ကြေညာချက်ကို သဘောတူ အတည်ပြုခဲ့ကြောင်း ဥရောပ ကောင်စီ ဥက္ကဋ္ဌ Donald Tuskက နိုဝင်ဘာ ၂၅ ရက်တွင် လူမှုမီဒီယာ၌ ဖော်ပြထားသည်။

အဆိုပါသဘောတူညီချက်အရ ဗြိတိန်သည် ဥရောပသမဂ္ဂအား နုတ်ထွက်ခ ဗြိတိန် ပေါင် ၃၉ ဘီလီယံ ပေးရမည်ဖြစ်ကြောင်း ၊ လာမည့်နှစ် မတ်လတွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက်မည်ဖြစ်ပြီး အကူးအပြောင်းကာလအဖြစ် ၂၁ လ သတ်မှတ်မည်ဖြစ်ကြောင်း ၊ ထိုအကူးအပြောင်းကာလအတွင်း ဗြိတိန်သည် ဥရောပ ဘုံဈေးကွက်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ကုန်သွယ်ရေးဆိုင်ရာအခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ရရှိမည်ဖြစ်သည်။

ဗြိတိန်-ဥရောပသမဂ္ဂ အနာဂတ်ဆက်ဆံရေး ကြေညာချက်တွင် အနာဂတ် ကုန်သွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာကဏ္ဍများ ပါရှိသည်။

ဗြိတိန်ခွဲထွက်ရေးသဘောတူညီချက် အသက်ဝင်ရန် ဗြိတိန်လွှတ်တော်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များ၏ သဘောတူညီမှုရရှိရန် လိုအပ်သည်။လက်ရှိတွင် ဗြိတိန်နိုင်ငံမှ ပါတီများက လွှတ်တော်တွင် အဆိုပါ သဘောတူညီချက်ကို ကန့်ကွပ်မဲပေးမည်ဟု ဆိုကြသည်။

ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ၂၀၁၆ ခုနှစ်တွင် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂထံသို့ နုတ်ထွက်စာတရားဝင်ပေးပို့ခဲ့သည်။ လက်ရှိ နှစ်ဖက်သဘောတူညီအရ ဗြိတိန်သည် လာမည့်နှစ် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.