Connect with us

Europe

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် စီဘတ်စ်တင် ခရုဇ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် စီဘတ်စ်တင် ခရုဇ်တို့ ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် စီဘတ်စ်တင် ခရုဇ်(Sebastian Kurz)နှင့် ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံ မြူးနစ်မြို့၌  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် စီဘတ်စ်တင် ခရုဇ်က တရုတ်နိုင်ငံသည် ဩစတြီးယားနိုင်ငံ၏ အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးသည် လွန်စွာ ချစ်ကြည်ရင်းနှီးမှုရှိသလို ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများသည် မပြတ်တိုးတက်လျက်ရှိကြောင်း ၊ လက်ရှိ တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည့် COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းသည် လျင်မြန်စွာ အောင်မြင်စေရန် ဆုတောင်းပေးလျက်ရှိသလို  တရုတ်နိုင်ငံကိုလည်း ဆက်လက်အားပေးထောက်ခံသွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဩစတြီးယားနိုင်ငံ ဝန်ကြီးချုပ် စီဘတ်စ်တင် ခရုဇ်တို့ ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ) 

လာမည့်နှစ်သည် ဩစတြီးယား-တရုတ် နှစ်နိုင်ငံ  သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၅၀ ပြည့်အချိန်အခါဖြစ်ရာ ဩစတြီးယားနိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက် များကို အတူ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွား၊ ခရီးသွားလာရေး စသည့် ကဏ္ဍများ၏ လက်တွဲပူးပေါင်းမှုကို တိုးမြှင့်ဆောင်ရွက်သွားကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုရလဒ်သစ်များ ကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း တရုတ်နိုင်ငံ၏ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက် ချက်များကို အဖိုးတန်သည့် အားပေးထောက်ခံမှုများပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဩစတြီးယား  အဆင့်မြင့်အရာရှိ ဆက်ဆံရေးသည် နီးနီးကပ်ကပ်ရှိရာ နှစ်နိုင်ငံဆက်ဆံရေး သည် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ သမ္မတနှင့် အဆွေတော် ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့ရာ ၎င်းမှာ နိုင်ငံတကာ ဆက်ဆံရေးသမိုင်းတွင် ဥဒါန်းတွင်စေခဲ့ပြီး ယနေ့အချိန်ထိ နှစ်နိုင်ငံဆက်ဆံရေးကို အပြုသဘော သက်ရောက်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့်  ဩစတြီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍစုံ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးဆောင်ရွက်သွားမည် ဖြစ်သလို နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အပြန်အလှန်ထောက်ခံအားပေးကာ  ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.