Connect with us

Europe

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဂျီ (၂၀) အစည်းအဝေးပွဲ ပြင်ပ၌တွေ့ဆုံ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် (ဝဲ) နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) တို့လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဘွန်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့သည် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ဆုံခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရန် အတူတကွ လက်တွဲလုပ်ဆောင်သွားသင့်ကြောင်း ပြောဆိုခဲ့ကြသည်။

ဝမ် နှင့် တေလာဆန် တို့သည် ဂျီ (၂၀) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပ၌တွေ့ဆုံခဲ့ကြပြီး အပြန်အလှန်သက်ဆိုင်သော ကိစ္စရပ်များ နှင့် နှစ်နိုင်ငံဆက်ဆံရေး ဆိုင်ရာ အမြင်များဖလှယ်ခဲ့ကြသည်။ ယခုလိုတွေ့ဆုံခြင်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တေလာဆန် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ ဝမ်က အမေရိကန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်လေးစားလိုက်နာမည့် အကြောင်းကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် မိတ်ဖက်နိုင်ငံကြီးများဖြစ်လာစေရန် နှင့် အသစ်တဖန်စတင်၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရန် မြှင့်တင်သွားမည်ဟု သဘောတူညီခဲ့ကြကြောင်းပြောကြားခဲ့သည်။

ဝမ်က တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှု နှင့် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောမှုတို့အတွက် တာဝန်ဝတ္တရားများကို အတူတကွထမ်းပိုးလုပ်ဆောင်သွားရမည်ဖြစ်ပြီး အငြင်းပွားမှုများ ထက် ဘုံအကျိုးစီးပွားများပိုမို ဖြစ်ထွန်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တေလာဆန် က တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အမေရိကန်က လိုက်နာခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်မှု သာမက ဒေသတွင်းတည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုပါ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။၎င်း က အမေရိကန်နိုင်ငံသည် အဆင့်မြင့်ကဏ္ဍများ ဖလှယ်မှု၊ နှစ်နိုင်ငံ နားလည်မှုများ လွယ်ကူချော့မွေလာရေး၊ နှစ်နိုင်ငံ ဆွေးနွေးမှုစကားဝိုင်းများအား ထိန်းသိမ်းခြင်း၊ တိုးတက်စေခြင်းနှင့် ခိုင်မာစေခြင်းတို့အပြင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား တရုတ်နိုင်ငံ နှင့် လုပ်ဆောင်သွားရန် မျှော်မှန်းပါကြောင်း ပြောကြားခဲ့သည်။ဝမ်နှင့် တေလာဆန်တို့သည် ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားအရေးကိစ္စနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.