Connect with us

Europe

နျူကလီးယားလက်နက်များ ဖျက်သိမ်းပေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

၅၃ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်လာသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Javad Zarif အားတွေ့ ရစဉ် (ဆင်ဟွာ)

မြူးနစ် ၊ ဂျာမနီ ၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပသည့် ၅၃ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံတွင် ကမ္ဘာတစ်ဝန်းရှိ နျူကလီးယားလက်နက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

“ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ နျူကလီးယားလက်နက်တွေကိုဖျက်သိမ်းဖို့အချိန်တန်ပြီ” ဟု Zarif က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက အီရန်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ နျူကလီးယားလက်နက်ထုတ်လုပ်သွားမည်မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းရန်အတွက် ဘက်မလိုက်ဘဲ ကြားနေဖြစ်သော အားလုံး လက်ခံနိုင်သည့် နည်းလမ်းတစ်ခု ဖြစ် အဖြေရှာကြရန် အကြံပြုခဲ့သည်။

ဒေသတွင်းလုံခြုံရေးသဘောတူညီမှုကို ရှေးရှုရန် ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရန် နှင့် အပြန်အလှန်နားလည်မှုကို တွန်းအားပေးရန် အတွက် ယေဘုယျ အသိအမှတ်ပြုနိုင်သည့် စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ ဒေသတွင်း ဆွေးနွေးပွဲ သစ်များကို ပြုလုပ်ရန်လည်း Zarif က တိုက်တွန်း အဆိုပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.