Connect with us

Europe

အိုင်ယာလန် နိုင်ငံ ဝန်ကြီးချုပ် က အီးယူ မှ နှုတ်ထွက်ရန် အဆိုပြုသည့် မည်သည့် အကြံပေးချက်ကို မဆို လက်ခံမည် မဟုတ်ကြောင်း ပြောကြား

အိုင်ယာလန် နိုင်ငံ ဝန်ကြီးချုပ် Enda Kenny (ညာ) မှ အီးယူ ထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

ဒပ်ဘလင် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အိုင်ယာလန် နိုင်ငံ ဝန်ကြီးချုပ် Enda Kenny က မိမိ အနေဖြင့် အိုင်ယာလန် နိုင်ငံအား ဗြိတိန် နိုင်ငံ ကို အတုယူကာ အီးယူ အဖွဲ့အစည်း မှ နှုတ်ထွက်ရန် အဆိုပြုသော မည်သည့် အကြံပြုချက်ကိုမဆို လက်ခံမည် မဟုတ်ကြောင်း ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောကြား ခဲ့သည်။

Kenny အနေဖြင့် လက်တလော ကာလ အတွင်း အိုင်ယာလန် နိုင်ငံ အရပ်ဘက် ပြည်သူလူထု နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့တို့၏ အီးယူ ဆန့်ကျင်ရေး လုပ်ရှင်းမှု နှင့် အီးယူ မှ နှုတ်ထွက်ရေး အဆိုပြုမှု တို့ကို တုန့်ပြန်သောအားဖြင့် အပြည်ပြည်ဆိုင်ရာ နှင့် ဥရောပရေးရာ သုသေတန ဌာန ၌ မိန်ခွန်း ပြောကြားရာတွင် အီးယူ အဖွဲ့ဝင်နိုင်ငံ ဆိုသည်အရည်အချင်း သည် အိုင်ယာလန် နိုင်ငံ စည်ပင်ဖွံ့ဖြိုးရေး နှင့် လက်ရှိ ခေတ်မီ လူနေမှုဘဝ တို့၏ အခြေခံ ဖြစ်ကာ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

Kenny က အိုင်ယာလန် နိုင်ငံ သည် အီးယူ အဖွဲ့ဝင် နိုင်ငံ ဖြစ်ရသောကြောင့် ရရှိလာသော အကျိုးကျေးဇူးများ ကို ပြောကြား ခဲ့ပြီး အထူးသဖြင့် အီးယူ အဖွဲ့ဝင် နိုင်ငံ ဖြစ်ရသောကြောင့် အိုင်ယာလန် နိုင်ငံ မှ ကုန်ပစ္စည်းများသည် လူဦးရေ သန်း ၅၀၀ ရှိသော အီယူး အဖွဲ့ဝင် နိုင်ငံများ ၏ ဈေးကွက် တစ်ခုလုံးသို့ အတားအဆီး မရှိဘဲ ပို့ဆောင်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Kenny က ဗြိတိန် နိုင်ငံ ၏ အီးယူ မှ နှုတ်ထွက်ခြင်းသည် အိုင်ယာလန် နိုင်ငံ တင်မက အီးယူ အဖွဲ့ဝင် နိုင်ငံအားလုံး အတွက် ဆိုးကျိုးများဖြစ်ပွားစေခဲ့ကြောင်း ၊ အိုင်ယာလန် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တိုက်ရိုက် ခြိမ်းခြောက်မှု နှင့် ဆိုးရွားသည့် သက်ရောက်မှု များဖြစ်စေခဲ့ကြောင်း ၊ အိုင်ယာလန် နိုင်ငံ ၏ စိုက်ပျိုးရေးထွက်ကုန် ၊ ရေထွက်ကုန်ပစ္စည်း ၊ ခရီးသွားလုပ်ငန်း ၊ စွမ်းအင်ကဏ္ဍ နှင့် အသေးစား/အလတ်စား စီးပွားရေး လုပ်ငန်း စသည့် ကဏ္ဍအသီးသီး တို့မှ အလွန်ဆိုးရွားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလ ပိုင်းတွင် ဗြိတိန် နိုင်ငံ အစိုးရ မှ အီးယူ မှ နှုတ်ထွက်သည့် စက္ကူဖြူ စာတမ်းကို ကြေညာ ခဲ့ပြီး စာရွက်စာတမ်း များနှင့် တကွ ဥပဒေရေးရာ အရ အီးယူ မှ တရားဝင် နှုတ်ထွက်ကြောင်း အတည်ပြုခဲ့သည်။ စက္ကူဖြူ စာတမ်းတွင် ဗြိတိန် အစိုးရအနေဖြင့် မတ်လ ၃၁ ရက်နေ့မတိုင်မီ လစ္စဘွန်း စာချုပ် (Treaty of Lisbon) အမှတ်စဉ် ၅၀ မြောက် အချက်အရ အီးယူ မှ တရားဝင် စတင်နှုတ်ထွက်သွားမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.