Connect with us

Europe

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ ဥပဒေပြုရေး လွှတ်တော် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌ Jan Hamacek တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပါရာဂွေး၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချက်သမ္မတနိုင်ငံ ဥပဒေပြု လွှတ်တော် ခေါင်းဆောင်များနှင့် မတ်လ ၂၉ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တရုတ်- ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (Central and Eastern Europe= CEE) ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေး၏ လိုက်ဖက် ပြည့်စုံပြီး ခိုင်မာသည့် စီးပွားရေးဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေး၊ စက်မှုလုပ် ငန်းနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ တရုတ်- ချက်သမ္မတနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အချိန်အခါကောင်း ဖြစ်ကြောင်း တရုတ် သမ္မတ ရှီက ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအတွက် ဘက်စုံ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိနေသ လို ဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင်လည်း တရုတ်နိုင်ငံ ဥပဒေပြုလွှတ် တော်နှင့် ချက်သမ္မတနိုင်ငံ လွှတ်တော်၏ ဥပဒေရေးရာ အဖွဲ့များသည် နိုင်ငံတစ်ခုစီ၏ နိုင်ငံရေးရာ အလိုက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌ Jan Hamacek နှင့် အဖွဲ့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)
နှစ်နိုင်ငံလုံး၏ ဥပဒေပြုအဖွဲ့များ အနေဖြင့် အမြင်ချင်း ဖလှယ်ခြင်းနှင့် ဆွေးနွေးခြင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရာတွင် အကြံပြုချက်နှင့် အကြံဉာဏ်များ တက်ကြွစွာ ပါဝင်ပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရန် သမ္မတ ရှီက တိုက်တွန်းလိုက်သည်။
ချက်သမ္မတနိုင်ငံ လွှတ်တော်၏ ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌ Jan Hamacek ကလည်း သမ္မတ ရှီ၏ ခရီးစဉ် အတွင်း ချက်သမ္မတနိုင်ငံ- တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု တည်ထောင်နိုင်ခြင်းအတွက် ဝမ်းမြောက် ကြောင်း၊ နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီး ဆိုင်ရာ စီးပွားရေး လမ်းကြောင်းနှင့် ပတ်သက်၍ ချက်သမ္မတနိုင်ငံ အနေဖြင့် အ လေးထား ပြောကြားခဲ့သလို တရုတ်- CEE ပူးပေါင်းဆောင်ရွက်မှုနှင့် ဥရောပ- တရုတ် ဆက်ဆံရေး စသည် တို့၌ မူဘောင်နှင့်အညီ တက်ကြွစွာ ပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.