Connect with us

Europe

ဘရပ်ဆဲလ် လေဆိပ်အား ဧပြီလ ၃ ရက်နေ့တွင် အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်

လေဆိပ်အဝင်ဝ ဆိုင်းဘုတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ဗုံးပေါက်ကွဲပြီး ၁၂ ရက်အကြာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် လေဆိပ်အား ခရီးသည်တင်လေယာဉ် ခရီးစဉ် သုံးခုနှင့်အတူ အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်ကြောင်း လေဆိပ် အမှုဆောင်အရာရှိ Arnaud Feist က ဧပြီလ ၂ ရက်တွင် ကြေညာခဲ့သည်။

နောက်ပိုင်းရက်များတွင် ဘရပ်ဆဲလ်လေဆိပ်၌ လေယာဉ်စီးရေ တဖြည်းဖြည်း တိုးမြှင့်ခြင်းနှင့် ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခြင်းအား လက်ခံသွားမည် ဖြစ်ကြောင်း Feist က ထုတ်ပြန်ချက်၌ ပြောကြားထား သည်။

ပြည်ပထွက်ခွာမည့် (Departing) ခရီးသည်များ Check-in ရန်အတွက် ယာယီအဆောက်အဦနေရာ၌ လက်ခံ ဆောင်ရွက် သွားမည် ဖြစ်သလို နိုင်ငံသို့ ဆိုက်ရောက်လာသည့် (Arriving) ခရီးသည်များအတွက်မူ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.