Connect with us

Europe

ဘွန်ဒက်လီဂါ ဘောလုံးသမား(ဟောင်း) တစ်ဦးအား အသေခံဗုံးခွဲတိုက်ခိုက်ရန်ကြံရွယ်မှုဖြင့် ဖမ်းဆီး

ဘွန်ဒက်လီဂါ ဘောလုံးသမား ( ဟောင်း) Nizar Trabelsi အား လုံခြုံရးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

မတ်ဒရစ် ၊ မတ် ၂၉ ရက် ( ဆင်ဟွာ )

ဂျာမန် အမှတ်ပေး ဘွန်ဒက်လီဂါပြိုင်ပွဲဝင် ဘောလုံးကစားသမားဟောင်း တစ်ဦးဖြစ်သူ တူနီရှားလူမျိုး Nizar Trabelsi ကို ဘယ်လ်ဂျီယံနိုင်ငံ Kleine-Brogel စစ်အခြေစိုက် စခန်းအား အသေခံ ဗုံးခွဲ တိုက်ခိုက်ရန် ကြံရွယ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း စပိန်သတင်းစာ တစ်စောင်က မတ်လ ၂၈ ရက်တွင် ရေးသား ဖော်ပြလိုက်သည်။

ဆွစ်ဇာလန် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၏ သတင်းလက်ဦးမှုကြောင့် အသေခံ ဗုံးခွဲမှုကို အချိန်မီ တားဆီး ကာကွယ်နိုင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားသည်။ အဆိုပါ အသေခံ ဗုံးသမားTrabelsi သည် ဘယ်လ်ဂျီယံနိုင်ငံတွင်းရှိ အကြမ်းဖက် ကွန်ရက်များမှ တဆင့် အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နှင့်ဦးစွာ ချိတ်ဆက်မိခဲ့ပြီး နောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့နှင့်လည်း ဆက်စပ်မှု ရှိခဲ့သူ တစ်ဦးဖြစ်ကြောင်းသိရသည်။

သို့သော် ၎င်းသည် အခြားသော နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း နေထိုင်သူများကဲ့သို့ ဥရောပတိုက်တွင်း ဝင်ရောက်လာခဲ့သူ တစ်ဦး မဟုတ်ဘဲ ဘောလုံး ကစားရန် လာရောက်ခဲ့သူ တစ်ဦးသာ ဖြစ်ကြောင်း သိရသည်။ ၁၉၇၀ ပြည့်နှစ်တွင်မွေးဖွားခဲ့သည့် Trabelsi သည် ငယ်စဉ်ကပင် တူနီးရှား လူငယ်ဘောလုံး အကယ်ဒမီ တွင်လေ့ကျင့်ခွင့် ရရှိခဲ့သူ တစ်ဦးဖြစ်သည်။
နောက်ပိုင်းတွင် သူသည် ကြေးစား ဘောလုံးသမား တစ်ဦးအဖြစ် လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး ဘယ်လ်ဂျီယံ နိုင်ငံသို ပြောင်းရွှေ့ ခြေချခဲ့သည်။ ထို့မှတဆင့် ဂျာမနီ ဘွန်ဒက်လီဂါပြိုင်ပွဲဝင် Fortuna Dusseldorf အသင်းသို့ပြောင်းရွှေ့ကစားခဲ့ကြောင်းသိရသည်။
Trabelsi သည် ဘောလုံးသမားဘဝတွင် အရက် ၊ မူးယစ်ဆေးဝါး နှင့် လိင်ကိစ္စများ ဖြင့် အချိန်ဖြုန်းနေခဲ့ရာ အယ်ကိုင်းဒါး အဖွဲ့ဝင် တစ်ဦးအဖြစ် လွယ်လွယ်ကူကူ လူသစ် စုဆောင်းခံလိုက် ရသည်။ ၎င်းသည် အကြမ်းဖက် ခေါင်းဆောင် အိုစမာ ဘင်လာဒင် နှင့်လည်း လက်ဖက်ရည် အတူတကွ သောက်ခွင့်ရခဲ့သူ တစ်ဦးဖြစ်သည်။
Trabelsi ၏ စစ်ဆင်ရေး တာဝန်မှာ အလေးချိန် ၉၅၀ ကီလိုဂရမ် ရှိ ပေါက်ကွဲ စေတက်သော ပစ္စည်းများ တင်ဆောင်ထားသည့် လော်ရီကားကြီးကို Kleine-Brogel စစ်အခြေစိုက် စခန်းသွင်းသို့မောင်းသွင်းပြီး အသေခံ ဗုံးခွဲရန် ဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.