Europe
တိုက်ခိုက်မှုက အိုင်အက်စ် လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား
ဘရပ်ဆဲလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည့် မတ်လ ၂၂ ရက်က တိုက်ခိုက်မှုများမှာ အိုင်အက်စ်များက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
IS နှင့် ဆက်နွယ်မှုရှိသည့် A’maq သတင်းအေဂျင်စီက ထုတ်ပြန်သည့် ကြေညာချက်၌ ပေါက်ကွဲစေ သည့် ခါးပတ်များနှင့် ကိရိယာများ သယ်ဆောင်လာသည့် အိုင်အက်စ် အသေခံတိုက်ခိုက်သမားများသည် Zaventem လေဆိပ် နှင့် ဘရပ်ဆဲလ်မြို့လယ်ရှိ Maelbeek မြေအောက်ရထား ဘူတာရုံတို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ ထားသည်။
မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ဘရပ်ဆဲလ်တိုက်ခိုက်မှု၌ အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ ဘရပ် ဆဲလ် လေဆိပ်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဘယ်လ်ဂျီယံ အသံလွှင့်ဋ္ဌာန RTBF က ပြောသည်။
ဘယ်လ်ဂျီယံ ပြည်ထဲရေးဝန်ကြီး ဂျန် ဂျမ်ဘွန် က ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နိုင်ငံ၏ ကြေကွဲ ဝမ်းနည်းဖွယ်ရက် သုံးရက် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)