အန်ကာရာ ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံရှိ အမေရိကန်သံရုံး၌ ယနေ့သြဂုတ် ၂ဝ ရက် နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားတစ်ဦးက အကြိမ်ပေါင်းများစွာ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူ (သို့မဟုတ်) ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးကြောင်း ဒေသမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။(Xinhua)