Connect with us

Europe

အီတလီနိုင်ငံတွင် ကုန်းတံတားကျိုးကျမှုကြောင့် သေဆုံးသူ ၄၃ ဦးရှိကြောင်း အတည်ပြု


ရောမ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ မြောက်ပိုင်း Genoa ရှိ ယာဉ်သွားလမ်းကုန်းတံတားကျိုးကျမှုတွင် ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းမှာ သြဂုတ် ၁၉ ရက်တွင် အဆုံးသတ်ပြီဖြစ်ရာ သေဆုံးသူ ၄၃ ဦးရှိသည်ဟု နောက်ဆုံး အတည်ပြုခဲ့ကြောင်း သိရသည်။

သဂုတ် ၁၄ ရက်တွင် ဖြစ်ပွားခဲ့သော တံတားကျိုးကျမှုကြောင့် သေဆုံးသူ ၄၃ ဦးရှိကြောင်း၊ သေဆုံးသူများတွင် အီတလီလူမျိုးများအပြင် အယ်လ်ဘေးနီးယား ၊ ကိုလံဘီယာ၊ ချီလီ၊ ပြင်သစ် ၊ဂျမေကာ၊ ရိုမေးနီးယား၊ ပီရူး စသည့် နိုင်ငံသားများပါဝင်ကြောင်း ယင်းနေ့က ထုတ်ပြန်သည့် ဒေသခံအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တံတားကျိုးကျရာနေရာတွင် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဆင်ဟွာ)

ထို့အပြင် ယခုတစ်ကြိမ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် အရန်မီးသတ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊ စေတနာ့ဝန်ထမ်း များနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပါဝင်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အီတလီမြောက်ပိုင်း ဒေသ ၅ ခု မှ ကူညီထောက်ပံ့မှုများပေးခဲ့ကြောင်း ၊ ဆက်လက်၍ တံတားကျိုးကျရာ အခင်းဖြစ်နေရာအား ရှင်းလင်းရေးလုပ်ငန်းများ အလေးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တံတားကျိုးကျရာနေရာတွင် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဆင်ဟွာ)

တံတားကျိုးကျရာနေရာဒေသတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ၁၂ လကြာ အရေးပေါ်အခြေအနေအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း အီတလီ အစိုးရက သြဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။ လက်ရှိတွင် ဗဟိုအစိုးရက ၎င်းဒေသ၌ အစားထိုးယာဉ်လမ်းတည်ဆောက်ရန်၊ နေထိုင်သူများအား ရွှေ့ပြောင်း နေရာချထားရန် ယူရိုငွေ သန်း ၃၀ ချပေးပြီးဖြစ်ကြောင်း သိရသည်။

Morandi ယာဉ်သွားလမ်းကုန်းတံတားသည် သြဂုတ် ၁၄ ရက်က ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွား ချိန်က ၎င်းတံတားပေါ်တွင် ယာဉ်အစီး ၃၀ ခန့်သွားလာနေကြောင်း သိရသည်။ တံတားကျိုးကျမှု ဖြစ်ပွား ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ လူ ၈ ဦးကို ဆေးရုံသို့ပိုဆောင်ပြီး ဆေးကုသမှု ပြုလုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

Morandiယာဉ်သွားလမ်းကုန်းတံတားကို ၁၉၆၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ခဲ့ပြီး တံတားအရှည် ၁၁၈၂ မီတာ၊ အကျယ် ၁၈ မီတာနှင့် အမြင့်ဆုံးနေရာမှာ မြေမျက်နှာပြင်အထက် ၉၀ မီတာ ရှိရာ A10 လမ်းမကြီးနှင့် Genoaမြို့အနောက်ပိုင်းကို ဆက်စပ်ပေးသည့် အဓိက ယာဉ်သွားလမ်းကုန်းတံတားဖြစ်ကြောင်း သိရသည်။ (Xinhua)