Connect with us

Europe

တူရကီလက်ထပ်ပွဲတွင် အသေခံဗုံးခွဲသူမှာ အသက် ၁၂ နှစ် မှ ၁၄ နှစ်အရွယ်ရှိ ဆယ်ကျော်သက် တစ်ဦးသာဖြစ်

တူရကီ၌ သြဂုတ် ၂ဝ ရက်က လက်ထပ်ပွဲတစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတောင်ပိုင်း Gaziantep မြို့၌ သြဂုတ်လ ၂ဝ ရက်ညပိုင်းက ဖြစ်ပွားခဲ့သော မင်္ဂလာဆောင်တစ်ခုအတွင်း အသေခံဗုံးခွဲခဲ့သူမှာ အသက် ၁၂ နှစ် မှ ၁၄ နှစ် အရွယ်ရှိ ဆယ်ကျော်သက် တစ်ဦးဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က သြဂုတ်လ ၂၁ ရက်တွင်ပြောကြားသည်။

ဗုံးသယ်ဆောင်လာသူမှာ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ကနဦးစစ်ဆေးချက်များအရ ၎င်းအား အိုင်အက်စ် အကြမ်းဖက်အဖွဲ့က စေခိုင်းခြင်းဖြစ်ကြောင်း အစ္စတန်ဘူမြို့၌ သတင်းသမားများနှင့်တွေ့ဆုံစဉ် Erdogan က ပြောကြားခဲ့သည်။
တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အိုင်အက်စ်အကြမ်းဖက်သမားများအား တန်ပြန်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း နှင့် Gaziantep ပြည်နယ်အတွင်းရှိ အကြမ်းဖက်သမားများအား အပြင်းအထန်တိုက်ခိုက်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
သြဂုတ်လ ၂ဝ ရက်တွင်ဖြစ်ပွားခဲ့သော မင်္ဂလာဆောင်အခမ်းအနားအတွင်း အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူပေါင်း ၅၁ ဦးသေဆုံးပြီး ၆၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရသူများ အနက် ၁၇ ဦးမှာ စိုးရိမ်စရာအခြေအနေတွင် ရှိနေကြောင်း Erdogan ကအတည်ပြုပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.