Connect with us

Europe

တူရကီတိုက်ခိုက်ခံရမှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်စွာရှုတ်ချ

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံများ မဲခွဲဆုံးဖြတ်နေကြစဉ်(ဆင်ဟွာ)

ကုလသဂ္ဂ ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် တူရကီနိုင်ငံရှိ မင်္ဂလာပွဲအခမ်းအနားတိုက်ခိုက်ခံရမှုအား “ အလွန် စက်ဆုပ်ရွံရှာဖွယ် နှင့် သူရဲဘောကြောင်သော လုပ်ရပ်” ဟူ၍ အပြင်းထန်ဆုံး စကားလုံးများသုံးနှုန်းကာ သြဂုတ်လ ၂၂ ရက်တွင် ရှုတ်ချလိုက်ကြောင်းသိရသည်။

“ ပုံစံအမျိုးမျိုးဖြင့်ပြုလုပ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို အဆိုးဝါးဆုံး ခြိမ်းခြောက်နေသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ” ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ ပူးတွဲ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် တူရကီအစိုးရ နှင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား အလွန်အမင်း စာနာမိကြောင်း နှင့် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒဏ်ရာရသူများကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေရန် ဆုမွန်ကောင်းပို့သပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Gaziantep မြို့၌ သြဂုတ်လ ၂ဝ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော မင်္ဂလာအခမ်းအနားတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၂၉ ဦးအပါအဝင် အနည်းဆုံး လူပေါင်း ၅၄ ဦးသေဆုံးပြီး အခြား ၂ဝဝ ကျော်ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.