Connect with us

Europe

အစ္စရေးနှင့်ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ဖြစ်ရေး လုပ်ဆောင်ရန် တူရကီလွှတ်တော်အတည်ပြု

၂ဝ၁၆ ခုနှစ် ဇွန်လ ၂၇ ရက်တွင် အန်ကာရာ၌ ကျင်းပခဲ့သည့် တူရကီ-အစ္စရေး အစီးအဝေး၌ တူရကီနိုင်ငံ ဝန်ကြီးချုပ် Binali Yildirim မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံနှင့် ၆ နှစ်ကြာ ဆက်ဆံရေးခပ်တန့်တန့်ဖြစ်နေခြင်းကို အဆုံးသတ်၍ သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်ရန် တူရကီလွှတ်တော်က သြဂုတ်လ ၂ဝ ရက်က အတည်ပြုခဲ့ကြောင်း Daily Sabah သတင်းတွင်ဖော်ပြထားသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို နွေရာသီ လွှတ်တော်နားရက်မတိုင်မီ သြဂုတ်လ ၂ဝ ရက် တွင် တူရကီလွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။ ၂ဝ၁ဝပြည့်နှစ်က အစ္စရေးရေတပ်သည် ဂါဇာကမ်းမြောင်သို့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများတင်ဆောင်လာသည့် တူရကီထောက်ပံ့ရေးသင်္ဘောတစ်စင်းအား ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီးချိန်မှ စတင်ကာ တူရကီ-အစ္စရေးဆက်ဆံရေး ဆိုးရွားခဲ့ရသည်။ အဆိုပါ စီးနင်းမှုအတွင်း တူရကီနိုင်ငံသား တက်ကြွလှုပ်ရှားသူ ၁ဝ ဦး သေဆုံးခဲ့ရသည်။
နှစ်နိုင်ငံ သဘောတူညီချက်အသစ်အရ အစ္စရေးနိုင်ငံသည် ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂ဝ ကို Mavi Marmara Flottila စီးနင်းမှုအတွင်း အသက်သေဆုံးခဲ့ရသူများအတွက် လျော်ကြေးပေးအပ်သွားရမည်ဖြစ်ပြီး တူရကီနိုင်ငံအနေဖြင့် အဆိုပါ ဖြစ်စဉ်အပေါ် ဆန့်ကျင်နေမှုအားလုံးကို ရုပ်သိမ်းပေးရမည် ဖြစ်သည်။
ယင်းစီးနင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံသားတစ်ဦးချင်းစီသည် ရာဇဝတ်မှုမမြောက်ကြောင်း(သို့မဟုတ်) လျော်ကြေးပေးရန်ဥပဒေအရ တာဝန်မရှိကြောင်း နှင့် အစ္စရေးစစ်သားများသည် ပြစ်မှုဆိုင်ရာ တာဝန်ခံရခြင်း နှင့် ဥပဒေကြောင်းအရ ကင်းလွတ်ခွင့်ခြင်းများ ရရှိမည်ဖြစ်သည်။
အဆိုပါသဘောတူညီချက်ကို အစ္စရေးအစိုးရအဖွဲ့က ယခုနှစ်အစောပိုင်းကတည်းက အတည်ပြုခဲ့ပြီးဖြစ်သည်။
သြဂုတ်လ ၂ဝ ရက်တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲတွင် အစ္စရေး-တူရကီ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးသဘောတူညီမှုကိုလည်း တူရကီလွှတ်တော်က အတည်ပြုခဲ့သည်။
“ တူရကီလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးနိုင်ငံက ကြိုဆိုပါတယ်။ အဲဒီကိစ္စတွေကို အကောင်အထည်ဖော်နိုင်ဖို့ရှေ့ဆက်လုပ်သွားကြရမှာပါ” ဟု အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ပြင် အနာဂတ်တွင် နှစ်နိုင်ငံ သံအမတ်များအပြန်အလှန်ထားရှိရေးကိုလည်း အစ္စရေးနိုင်ငံက မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.