Europe
တူရကီ ကမ်းခြေ၌ ရွှေ့ပြောင်း ဒုက္ခသည် လှေနှစ်စီး နစ်မြုပ်မှုကြောင့် လူ ၃၃ ဦး သေဆုံး
အန်ကာရာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
တူရကီ နိုင်ငံ Aegean ကမ်းရိုးတန်းတွင် ရွှေ့ပြောင်း ဒုက္ခသည် လှေနှစ်စီး နစ်မြုပ်မှု နှစ်ခု ဖေဖော်ဝါရီလ ၈ ရက်က ဖြစ်ပွားခဲ့ရာ ရွှေ့ပြောင်း ဒုက္ခသည် ၃၃ ဦး သေဆုံးခဲ့ကြောင်း ဒိုဂန် သတင်း အေဂျင်စီက ဖော်ပြထားသည်။
လှေနစ်မြုပ်မှု တစ်ခုတွင် ဂရိနိုင်ငံ Lesbos ကျွန်းသို့ သွားရောက်မည့် ဒုက္ခသည်များအား သယ်ဆောင်လာသည့် လှေမှာ တူရကီ Edremit ပင်လယ်အော် အနီး၌ နစ်မြုပ်ခဲ့ရာ လူ ၂၂ ဦး သေဆုံးခဲ့သည်။ ပင်လယ်ထဲမှ ဒုက္ခ သည် လေးဦးအား တူရကီ ကမ်းခြေစောင့် တပ်က ကယ်ဆယ်ခဲ့ရသည်။
အခြား လှေနစ်မြုပ်မှုမှာ Lzmir မြို့ ဒီကီလီ ပင်လယ်ကမ်းရိုးတန်း အနီးတွင် ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၁၁ ဦး သေဆုံးခဲ့ကာ သုံးဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)