Connect with us

Europe

Dong စွမ်းအင်ကုမ္ပဏီ က ဗြိတိန်နိုင်ငံ တွင် ကမ္ဘာ့အကြီးဆုံး ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ကွက်အား တည်ဆောက်မည်

ဒိန်းမတ်နိုင်ငံရှိ လေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ကွက်အားတွေ့ရစဉ် (ဆင်ဟွာ)

ကိုပင်ဟာပင်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ ၏ Dong စွမ်းအင်ကုမ္ပဏီ သည် လျှပ်စစ်စွမ်းအားပမာဏ ၁.၂ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ကမ္ဘာ့အကြီးဆုံး ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ကွက်အား ဗြိတိန်နိုင်ငံ ၌ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ပြောကြားခဲ့သည်။

Hornsea Project One အမည်ရှိ အဆိုပါ စီမံကိန်းသည် Yorkshire ကမ်းခြေမှ ၁၂၀ ကီလိုမီတာ အကွာတွင် တည်ရှိပြီး အကျယ်အဝန်း ၄၀၇ စတုရန်း ကီလိုမီတာ ခန့်ရှိကာ ပြီးစီးသွားပါက ကမ္ဘာ့အကြီးဆုံး လေအား လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

လေအားလျှပ်စစ် လုပ်ကွက် အား ၂၀၂၀ခုနှစ်တွင် ပြီးစီးနိုင်မည်ဟု မျှော်လင့်ကြပြီး ၎င်းမှ ဗြိတိန်နိုင်ငံရှိ အိမ်ပေါင်း တစ်သန်းကျော်ကို လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Hornsea စီမံကိန်းသည် Dong စွမ်းအင်၏၂၀၂၀ ခုနှစ်တွင် ကမ်းလွန်လေအား လျှပ်စစ်ပမာဏ ၆.၅ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်ရန် ရည်မှန်းချက် ကို ပိုမို နီးကပ်လာစေသည့် နောက်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ခုနှစ် ဧပြီလတွင် ဗြိတိန်နိုင်ငံ အစိုးရနှင့် Dong သည် Hornsea စီမံကိန်း ရင်းနှီးမြှုပ်နှံမှုအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ၏ ပထမ ၁၅နှစ်စာ ပုံသေအခွန်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်အခြေစိုက် Dong စွမ်းအင် ကုမ္ပဏီသည် ဥရောပ မြောက်ပိုင်းတစ်လျှောက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး နှင့် ဖြန့်ချိရေးလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117