Europe
တူရကီ-ဆီးရီးယား နယ်စပ် စစ်ဆေးရေး ဂိတ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၀ ဦး သေဆုံး
အန်ကာလာ ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တူရကီ-ဆီးရီးယား နယ်စပ် ဒေသရှိ စစ်ဆေးရေး ဂိတ် တစ်ခု အနီးတွင် ဒီဇင်ဘာ ၃ ရက်နေ့၌ ယာဉ် တိုက်မှုဖြစ်ပွား ခဲ့ရာ ဘတ်စ်ကားငယ် တစ်စင်း ပေါ်ရှိ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
တူရကီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ကားတိမ်းမှောက်မှုသည် တူရကီ နိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံသား ခရီးသည်များ တင်ဆောင်လာသည့် ဘတ်စ်ကား သည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာစဉ် အတွင်း စစ်ဆေးရေး ဂိတ်တွင် အစစ်ဆေးမခံဘဲ အရှိန်မြှင့်တင် မောင်းပြေးခဲ့ရာ မျက်နှာချင်းဆိုင်ရှိ ကုန်တင်ကား နှင့် တိုက်မိခဲ့ကြောင်း သိရှိခဲ့ရသည်။
Hatay ပြည်နယ် အစိုးရ ၏ ထုတ်ပြန်ချက်၌ သေဆုံးခဲ့သူ ၁၀ ဦး မှာ တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသား များ ဖြစ်ကြောင်း ၊ သေဆုံးခဲ့သူ များတွင် ၆ ဦး မှာ ကလေးငယ် များဖြစ်ကြပြီး ဒဏ်ရာရရှိသူ များကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ မှ ယာဉ်တိုက်မှု နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု များဆောင်ရွက်နေကြောင်း ပါဝင် ခဲ့သည်။
ထို့ပြင် တူရကီ နိုင်ငံ ရှိ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဘတ်စ်ကား ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် များသည် ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည်များ ဖြစ်နိုင်ကြောင်း သိရှိခဲ့ရသည်။(Xinhua)