Connect with us

Europe

ပြင်သစ် နိုင်ငံ သို့ အလည်အပတ် ရောက်ရှိနေသည့် ပန်ဒါ စုံတွဲ မှ မွေးဖွား သည့် ပန်ဒါ ကလေးငယ် အား အမည် ပေးအပ်သည့် အခမ်းအနား ကျင်းပ

ပြင်သစ် နိုင်ငံ တွင် မွေးဖွား ခဲ့သည့် ပန်ဒါလေး ယွမ်မုန့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စိမ့်အေဂမ် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ စိမ့်အေဂမ် မြို့ ရှိ Beauval တိရစ္ဆာန် ရုံတွင် ဒီဇင်ဘာ ၄ ရက်နေ့၌ ပြင်သစ် နိုင်ငံ သို့ အလည်အပတ် ရောက်ရှိ နေသည့် ပန်ဒါ စုံတွဲ မှ မွေးဖွား လာသည့် ပန်ဒါ ကလေးငယ် အား အမည်ပေးအပ်သည့် အခမ်းအနား တစ်ရပ် ကျင်းပပြုလုပ် ပေးခဲ့ပြီး ယင်း ပန်ဒါ အထီးလေးအား ယွမ်မုန့် ဟု အမည် ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။

အခမ်းအနား သို့ တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ကျန်းယဲ့ဆွေ့ (Zhang Yesui) ၊ ပြင်သစ် နိုင်ငံ သမ္မတ ကတော် Brigitte Macron ၊ ပြင်သစ် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကျိုင်ကျန့် (Zhai Jun) နှင့် ပြင်သစ် နိုင်ငံ နယ်ပယ်အသီသီး မှ ပုဂ္ဂိုလ် များ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက် ခဲ့ကြသည်။

တိရစ္ဆာန်ရုံ ဝန်ထမ်းများ ၏ ပြောကြား ချက်အရ အသစ် မွေးဖွားလာသည့် ပန်ဒါလေး ယွမ်မုန့် အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အများပြည်သူများ လာရောက် ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ပြင်သစ် နိုင်ငံ သို့ အလည်အပတ် ရောက်ရှိ နေသော ပန်ဒါ ဟွမ်းဟွမ်း နှင့် ယွမ်ကျိုင် တို့သည် ၂၀၁၂ ခုနှစ် တွင် တရုတ် နိုင်ငံ ချိန်တူး ပန်ဒါမွေးမြူရေး သုတေသန စခန်း မှ Beauval တိရစ္ဆာန် ရုံ သို့ ရောက်ရှိလာ ခဲ့ခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် ပြင်သစ် နိုင်ငံ တွင် မွေးမြူထား သည့် တစ်ခုတည်းသော ပန်ဒါ စုံတွဲ တစ်တွဲ ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.