Connect with us

Europe

နယ်သာလန် မွေးမြူရေးခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိပြီးနောက် ဘဲကောင်ရေ ၁၉၀,၀၀၀ သုတ်သင်ရှင်းလင်း

နယ်သာလန်နိုင်ငံရှိ မွေးမြူရေးခြံ တစ်ခြံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ အလယ်ပိုင်းရှိ ဘဲ မွေးမြူရေးခြံ တစ်ခု၌ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရပြီးနောက် ဘဲကောင်ရေ ၁၉၀,၀၀၀ အား သုတ်သင်ရှင်းလင်းခဲ့ရကြောင်း နယ်သာလန်နိုင်ငံ စီးပွားရေး ဝန်ကြီးဋ္ဌာနက နိုဝင်ဘာလ ၂၆ ရက်က ကြေညာလိုက်သည်။

နယ်သာလန်နိုင်ငံ Flevoland ပြည်နယ်၊ Biddinghuizen ကျေးရွာရှိ မွေးမြူရေးခြံ၌ တွေ့ရှိရသော ကြက်ငှက်တုပ်ကွေး အမျိုးအစားအား မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ တစ်ခုထဲမှ ပိုင်ဆိုင်သည့် အခြား မွေးမြူရေးခြံ လေးခုမှ ကြက်၊ ဘဲများအား ကြက်ငှက်တုပ်ကွေး ပျံ့နှံ့မှုအား ကာကွယ်ရန်အတွက် သုတ်သင်ခဲ့ရသည်ဟုဆိုသည်။

ထို့ပြင် ရောဂါ ကူးစက်ခံရသည့် မွေးမြူရေးခြံနှင့် တစ်ကီလိုမီတာ ၁၀၀ အကွာရှိ အခြား မွေးမြူရေးခြံမှ ဘဲကောင်ရေ ၁၀,၀၀၀ ကိုလည်း သုတ်သင်ခဲ့ရသည်။

ယင်းသို့ ဖြစ်ပွားခဲ့ခြင်းကြောင်း အဆိုပါ မွေးမြူရေးခြံနှင့် ၁၀ ကီလိုမီတာ ဝန်းကျင်တွင် တည်ရှိသည့် မွေးမြူရေးခြံများမှ အသားများ၊ ဥများ၊ မြေသြဇာများနှင့် အိပ်ယာခင်းများ သယ်ယူခွင့်အား အရေးပေါ် ပိတ်ပင်လိုက်ကြောင်း နယ်သာလန် စီးပွားရေး ဝန်ကြီးဋ္ဌာနက ကြေညာထားသည်။

နိုဝင်ဘာ ၉ ရက်ကလည်း ဥရောပနိုင်ငံများ၌ တောငှက်များကြောင့် H5N8 ရောဂါပိုး ကူးစက်မှု ဖြစ်ပွားပြီနောက် နယ်သာလန်နိုင်ငံတွင် ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း၊ ယခု ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်ခံရသည့် Biddinghuizen ကျေးရွာရှိ မွေးမြူရေးခြံသည် ယခုနှစ်အတွက် ပထမဦးဆုံးသော ရောဂါပိုး ကူးစက်ခံရသည့် စီးပွားဖြစ် မွေးမြူရေးခြံ တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.