Connect with us

Europe

ရုရှားက အစ္စရေးတောမီး အား ငြှိမ်းသတ်ရာ၌ ကူညီရန် မီးသတ်လေယာဉ် နှစ်စီး စေလွှတ်ပေး

အစ္စရေးနိုင်ငံ တွင် ၂၀၁၅ခုနှစ် ဇူလိုင်က တောမီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေစဉ်(ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက အစ္စရေးနိုင်ငံတွင် လောင်ကျွမ်းနေသည့် တောမီးအား ငြှိမ်းသတ်ရာ၌ အကူအညီပေးရန် မီးသတ်လေယာဉ် နှစ်စီးစေလွှတ်ပေးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၂၅ရက်တွင်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်၏ ကော်မရှင် နှင့် အစ္စရေးဘက်မှ အကူအညီတောင်းခံမှုကြောင့် ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဋ္ဌာနက မီးသတ်လေယာဉ် နှစ်စီး နှင့် အဖွဲ့တစ်ဖွဲ့အား တောမီး ငြှိမ်းသတ်ရန် အစ္စရေးနိုင်ငံသို့ စေလွှတ်ပေးခဲ့ကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။အစ္စရေးသို့ရောက်ရှိပါက ရုရှားလေယာဉ်မှူးများသည် မီးငြှိမ်းသတ်ခြင်းအား ချက်ချင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ဝန်ကြီးဋ္ဌာန က မီးသတ်လေယာဉ် ဝန်ထမ်းများသည် ခက်ခဲသည့် အခြေအနေများတွင် အလုပ်လုပ်ကိုင်ရန် အသင့်ရှိနေပြီး တောမီးငြှိမ်းသတ်ခြင်း နှင့်ပတ်သက်၍ အတွေ့အကြုံများစွာရှိကြောင်းပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန၏ မီးသတ်လေယာဉ်များအား ရုရှားနိုင်ငံ၌သာမက ဆားဘီးယားနိုင်ငံ၊ ဂရိနိုင်ငံ၊ မွန်တီနီဂရိုးနိုင်ငံ နှင့် အခြားနိုင်ငံများတွင်လည်း အသုံးပြုခဲ့ကြောင်း နှင့်၂၀၁၆ခုနှစ် ဆောင်းဦးကာလ ပေါ်တူဂီနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် တောမီးအား အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။အစ္စရေးုနိုင်ငံတွင် ခြောက်သွေ့မှု နှင့် လေပြင်းများကြောင့် လွန်ခဲ့သည့် နှစ်ရက်ကျော်ကစ၍ နိုင်ငံတစ်လျှောက် လောင်ကျွမ်းနေသော တောမီးအားငြှိမ်းသတ်ရန် နိုဝင်ဘာ ၂၃ရက်တွင် နိုင်ငံတကာ အကူအညီအားတောင်းခံခဲ့ကြောင်း သိရသည်။အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ရာဟု က အစ္စရေးနိုင်ငံသည် ရုရှားနိုင်ငံ၊ ဂရိနိုင်ငံ နှင့် ခရိုအေးရှားနိုင်ငံတို့၏ အထောက်အပံ့ဖြင့် လုံခြုံသွားပြီဖြစ်ကြောင်း မီဒီယာများအားပြောကြားခဲ့သည်။ (Xinhua)